သတင်းများ

မိတ္ထီလာမြို့၌၂ဝ၂၃ ခုနှစ် (၁ဝ၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ
Dec 08,2023
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ၂ဝ၂၃ ခုနှစ် (၁ဝ၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားအား ယမန်နေ့နံနက် ၉ နာရီအချိန်က မိတ္ထီလာပညာရေးဒီဂရီကောလိပ်  ပညာပါရမီခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အောင်လံမြို့နယ်၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ်နှင့်အဖွဲ့သည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးကြည့်ရှု
Dec 08,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၌လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့(မကွေး)မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ (ငွေလုံး ငွေရင်း)အထွေထွေပိုလျှံ ရန်ပုံငွေ(၄၁၄.၆၀)သန်းဖြင့် ဆောင်ရွက်မည့် အောင်လံ-ပြည်ကားလမ်း မှကျော်စွာလမ်း ၁၈'အကျယ် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ၁/၀ မိုင်အား မဆောင်ရွက်မီ အခြေအနေနှင့်၎င်းလမ်းပေါ်တွင် ဆောင်ရွက်ရန်လိုအပ်နေသည့် ရေစားချောက်နေရာများအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ်နှင့် တာဝန်ရှိသူများက ဒီဇင်ဘာလ(၆)ရက်နေ့ မွန်းလွဲ(၁)နာရီခန့်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အောင်လံမြို့နယ်သို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ချိန်နှင့်အဖွဲ့သည် အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်နေမှုအား ကွင်းဆင်းစစ်ဆေး
Dec 08,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်သို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့်အဖွဲ့သည် အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်နေမှုအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် (၈) နာရီက အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်ရာသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ တိုင်းဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများလိုက်ပါလျက် ကွင်းဆင်းစစ်ဆေးခဲ့သည်။
နမ့်စန်တွင် မြို့နယ်ပညာရေးမှူးဖလား အသက်(၁၆)နှစ်အောက် ကျောင်းပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ ရှုံးထွက်(ကွာတားဖိုင်နယ်)ပွဲစဉ်များ ဆက်လက်ကျင်းပ
Dec 08,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကျင်းပလျှက်ရှိသော မြို့နယ်ပညာရေးမှူးဖလား အသက်(၁၆)နှစ်အောက် ကျောင်းပေါင်းစုံ  အမျိုးသားဘောလုံးပြိုင်ပွဲ ရှုံးထွက် (ကွာတားဖိုင်နယ်) ပွဲစဉ်များကို ယနေ့နံနက် ၈ နာရီက မြို့နယ်ကျောက်တိုင်အားကစားကွင်းတွင် ကျင်းပခဲ့ရာ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်နှင့် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ပင်လောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ခွင့် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေး
Dec 08,2023
ရှမ်ပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအထက်တန်း၊ အလယ်တန်း​ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ခွင့်အတွက် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အားကစားကွင်းနှင့် အားကစားရုံတွင် ဆက်လက်ပြုလုပ်ခဲ့သည်။
သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(မကွေး)တွင် လူငယ်စကားဝိုင်းကျင်းပ
Dec 08,2023
လူငယ်များ အသိပညာဗဟုသုတကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတက်စေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(မကွေး)တို့ပူးပေါင်း၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(မကွေး)ရှိ မြတ်ပညာခန်းမ၌ ကျင်းပခဲ့သည်။
လူရည်ချွန်ရွေးချယ်ရေး ကိုယ်ကာယကြံ့ခိုင်ရေး စွမ်းရည်စစ်ဆေးခြင်းဆောင်ရွက်
Dec 08,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများရွေး ချယ်ရေးဆိုင်ရာလုပ်ငန်း များကို ဒီဇင်ဘာ ၅ ရက်မှစတင်၍ ဆောင်ရွက်လျက်ရှိရာ ကိုယ်ကာယကြံ့ခိုင်ရေး စွမ်းရည်စစ်ဆေးခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့နယ်အားကစားကွင်းအတွင်း ဆောင်ရွက်ခဲ့သည်။
ပင်းတယမြို့နယ်၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့်နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်
Dec 08,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် လူငယ်အသိပညာပေးဟောပြောပွဲနှင့်နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ငှက်ပျောတောရပ်ကွက်အတွင်းရှိ အမှတ်(၃) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။