သတင်းများ

ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ မီးဘေးအန္တရာယ် အသိပညာပေး Talk Show ဆောင်ရွက်
May 02,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် မီးဘေးအန္တရာယ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို လူထုအခြေပြုဗဟိုဌာန၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းများ ဆောင်ရွက်ပေး
May 02,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို  ယမန်နေ့ နံနက်(၈)နာရီက စတင်၍ သက်ဆိုင်ရာ ကာကွယ်ဆေးထိုး စုရပ်များတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျောက်တံတားမြို့နယ်၌  ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
May 02,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၌  ထပ်ဆောင်း ကိုဗစ်-၁၉​ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့၊ နံနက် ၉ နာရီက ကျောက်တံတားမြို့နယ် အမှတ်(၂) ရပ်ကွက်၊ မဟာဗန္ဓုလပန်းခြံလမ်းရှိ ပြည်သူ့ ကျန်းမာရေးဆေးခန်း၌ ကာကွယ်ဆေးထိုးနှံ ဆောင်ရွက်ကြောင်း သိရသည်။
ဟုမ္မလင်းမြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး၍ ဆန်ကောယက် ပြိုင်ပွဲကျင်းပ
May 02,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် အမျိုးသမီးရေးအဖွဲ့မှ ကြီးမှူး၍ ဆန်ကောယက်ပြိုင်ပွဲကို မေလ(၂)ရက်နေ့တွင် ဟုမ္မလင်းမြို့နယ် ကက်သာကျေးရွာအုပ်စု၊ ကက်သာစံပြကျေးရွာ၊ အထက(၁) ကျောင်း၊ သရဖီကျောင်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကမာရွတ်မြို့နယ် Community Centre ခန်းမ၌​​​ ကဆုန်လပြည့်ဗုဒ္ဓနေ့အကြောင်း အသိပညာပေး Talk Show ကျင်းပ
May 02,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ​ကဆုန်လပြည့်ဗုဒ္ဓနေ့အ​ကြောင်း အသိပညာပေးTalk Show ကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ဖြူးမြို့ပေါ်ရှိ တစ်ပိုင်တစ်နိုင် ပဲမုန့်လုပ်ငန်းလုပ်ကိုင်နေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု
May 02,2023
ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မြို့ပေါ်ရပ်ကွက်အတွင်း မိသားစုတစ်ပိုင်တစ်နိုင်အနေဖြင့် လုပ်ကိုင်သည့် ပဲမုန့်လုပ်ငန်းအခြေအနေများအား တိုးချဲ့လုပ်ကိုင်လိုပါက လိုအပ်သည့်အရင်းအနှီးအတွက် ချေးငွေများချေးပေးနိုင်ရေး ယနေ့၊ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာ မြို့နယ်အဆင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အခြေခံလေကြောင်းလူငယ်သင်တန်း (အငယ်တန်းအဆင့်) အမှတ်စဥ် (၁/၂၀၂၃) တက်ရောက်ကြည့်ရှုအားပေး
May 02,2023
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းဇော်မိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်း ရေးမှူးနှင့် တာဝန်ရှိသူတို့သည် မေ(၂)ရက် နံနက်(၈)နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး သင်တန်းစခန်းအခြေခံ လေကြောင်းလူငယ်သင်တန်း (အငယ်တန်းအဆင့်) အမှတ်စဥ်(၁/၂၀၂၃) သင်တန်း ဖွင့်လှစ်ပို့ချနေမှုကို သွားရောက်ကြည့်ရှုရာ
တနင်္သာရီမြို့နယ်မီးသတ်ဦးစီးဌာနမှ(၇၇)နှစ်မြောက်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်ပြည်သူ့အကျိုးပြုလုပ်ငန်းများပူးပေါင်းဆောင်ရွက်
May 02,2023
၂၀၂၃ခုနှစ်၊ မေလ(၅)ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ မီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် ယမန်နေ့နံနက် ၇ နာရီအချိန်မှစပြီး အထင်ကရနေရာများဖြစ်သည့် မြဝတ်ဆင်စေတီတော်နှင့် ရှင်မအောင်သာကျောက်တိုင်တို့တွင် ပြည်သူ့အကျိုး ပြု သန့်ရှင်းရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ပေးကြကြောင်း သိရသည်။