သတင်းများ

ဧကာဒသမတန်း လူရည်ချွန် မောင်မယ်များအား ICT ဆိုင်ရာ နည်းပညာများအကြောင်း ရှင်းလင်းဟောပြော
May 02,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ရှိလူရည်ချွန်စခန်း (ငွေဆောင်) သို့ရောက်ရှိနေသည့် လူရည်ချွန်မောင်မယ်များအား ICT ဆိုင်ရာ နည်းပညာများအကြောင်း ရှင်းလင်းဟောပြောပွဲကို ယနေ့နံနက် ၈ နာရီက လူရည်ချွန်စခန်းအခြေစိုက်ရာ ယမုံနာဦးဟိုတယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
သထုံမြို့နယ်တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအဖွဲ့များ စုပေါင်းကာ သောက်သုံးရေလှူဒါန်း
May 02,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ‌လာမည့် မေလ(၅)ရက်နေ့၌ ကျရောက်မည့် (၇၇) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် သန္ဓေနှင့်အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့ဝင်များ စုပေါင်းကာ ယနေ့ နံနက်က ရေအခက်အခဲဖြစ်ရာနေရာများသို့ သောက်သုံးရေ ဖြန့်ဝေလှူဒါန်းမှုများ ပြုလုပ်ခဲ့ကြ‌ကြောင်း သိရသည်။
ကော့ကရိတ်မြို့၌ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များအား တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
May 02,2023
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကေ့ာကရိတ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်  ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉နာရီချိန်က  မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ IDPs စခန်းများမှ မူလနေရပ်ကျေးရွာများသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံ အားပေး ထောက်ပံ့
May 02,2023
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာစခန်းနေပြည်သူများ မူလနေရပ်ကျေးရွာများသို့ ပြန်လည်ပြောင်းရွှေ့နေထိုင်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ယာယီ ခိုလှုံရာ စခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက ပြည်နယ် ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ဆွတ်ငိုင်တောင် IDP စခန်းနှင့် ရွှေစက်နှစ်ခြင်း IDP စခန်းများမှ မူလနေရပ်ကွက်ကျေးရွာများသို့ ပြန်လည်ပြောင်းရွှေ့နေထိုင်ကြမည့် အိမ်ထောင်စု များအား သွားရောက်တွေ့ဆုံအားပေးသည်။
ပြင်ဦးလွင်မြို့တွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ဒုတိယအကြိမ်မြောက် သံဃာတော် (၂၀၇)ပါး သံဃပူဇာ ဆွမ်းလောင်းလှူပွဲအခမ်းအနား၊ ဗုဒ္ဓနေ့ဆိုင်ရာ အခမ်းအနားများနှင့် ကဆုန် လပြည့်နေ့ ညောင်ရေသွန်းပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်
May 02,2023
ပြင်ဦးလွင်မြို့တွင် ၁၃၈၅ ခုနှစ် ၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့)၌ သံဃာတော်များကို လှူဖွယ်ပစ္စည်းများနှင့် သံဃပူဇာ ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ကဆုန်ညောင်ရေသွန်းလောင်းပွဲ အခမ်းအနားကျင်းပခြင်းနှင့် ဗုဒ္ဓနေ့ အထိမ်းအမှတ် ဗုဒ္ဓမြတ်စွာဘုရားများကို ပင့်ဆောင်ထားသော မော်‌တော်ယာဉ်တန်းများဖြင့် မြို့အတွင်း၌ လှည့်လည်ပူဇော်ခံခြင်းများဖြင့် ကဆုန်လပြည့် ဗုဒ္ဓနေ့ကို ခမ်းနားထည်ဝါစွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
တမူးမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား လစဥ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး​ပေးလျက်ရှိ
May 02,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား လစဥ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး​ခြင်းလုပ်ငန်းကို မေ လ (၂) ရက်နေ့နံနက် (၈) နာရီအချိန်က တမူးခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဒေးဒရဲမြို့၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ ကွင်းဆင်းစစ်ဆေး
May 02,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ တစ်ဦးနှင့် တစ်ဦး ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားလာပါက အချိန်မီ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ယမန်နေ့မွန်းလွဲ (၁) နာရီက ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဝင်များက ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်းစနစ်ဖြင့်စာအုပ်များ ငှားရမ်းပေး
May 02,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများစာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများ တိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက်(၁၀) နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရုံးသို့ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရှိရသည်။