သတင်းများ

စလင်းမြို့နယ်တွင် HIV/AIDS ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Dec 08,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမဆောင်တွင် ယနေ့နံနက်(၉)နာရီ ၁၅ အချိန်က HIV/AIDS ရောဂါကာကွယ်တားဆီးရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုင်ဝမ် သကြားပြောင်းဖူးစိုက်ပျိုးလုပ်ကိုင်ရောင်းချသူများ ဈေးနှုန်းသင့်တင့်၍ ဝင်ငွေပိုမိုရရှိနေ
Dec 08,2023
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် မိမိတို့၏ ရိုးရာတောင်သူလုပ်ငန်းအပြင် အခြားသီးပင်/ စာပင်များကိုစိုက်ပျိုးလုပ်ကိုင်လျှက်ရှိရာ ထိုင်ဝမ်ပြောင်းဖူးသည် ဝယ်လိုအားရှိသည့် သီးနှံဖြစ်သည့်အတွက် စိုက်ပျိုးရောင်းချသူများ ဝင်ငွေပိုမိုရရှိလျက်ရှိကြောင်းသိရှိ ရသည်။
စဉ့်ကိုင်မြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပ
Dec 08,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ မြို့သစ်ရပ်ကွက်ရှိ အ.ထ.က(စဉ့်ကိုင်)၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယမန်နေ့နံနက်  ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
ပွင့်ဖြူမြို့၌ ဘက်စုံထူးချွန်ရွေးချယ်ရေး (မြို့နယ်အဆင့်)လူရည်ချွန်စာမေးပွဲကျင်းပ
Dec 08,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာဘက်စုံထူးချွန် (လူရည်ချွန်) ကျောင်းသား၊ ကျောင်းသူများရွေးချယ်ရေးအစီအစဉ် စာမေးပွဲဖြေဆိုစစ်ဆေးခြင်းကို ပွင့်ဖြူမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ဒီဇင်ဘာ ၅ ရက်နေ့မှ စတင်ကာ ၈ ရက်နေ့အထိ ဖြေဆိုကျင်းပလျက်ရှိကြောင်း သိရသည်။
စဉ့်ကူးမြို့တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား ကျင်းပ
Dec 08,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့တွင် (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က လက်ပန်လှကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ကျွန်းရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ချောက်မြို့ လူထုအ​ခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 08,2023
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ ကျောင်းသား/ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတများကြွယ်ဝစေရန် ရည်ရွယ်၍ လူငယ်အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ​ခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်များငှားရမ်းပေး
Dec 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများ တိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက မီးသတ်ဦးစီးဌာနရုံးသို့ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
မိုင်းစံမြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းခြင်းလုပ်ငန်း ဆောင်ရွက်
Dec 08,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀) နာရီက အခြေခံပညာအထက်တန်းကျောင်း၌  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။