အောင်လံ ဒီဇင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၌လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့(မကွေး)မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ (ငွေလုံး ငွေရင်း)အထွေထွေပိုလျှံ ရန်ပုံငွေ(၄၁၄.၆၀)သန်းဖြင့် ဆောင်ရွက်မည့် အောင်လံ-ပြည်ကားလမ်း မှကျော်စွာလမ်း ၁၈'အကျယ် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ၁/၀ မိုင်အား မဆောင်ရွက်မီ အခြေအနေနှင့်၎င်းလမ်းပေါ်တွင် ဆောင်ရွက်ရန်လိုအပ်နေသည့် ရေစားချောက်နေရာများအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ်နှင့် တာဝန်ရှိသူများက ဒီဇင်ဘာလ(၆)ရက်နေ့ မွန်းလွဲ(၁)နာရီခန့်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ်အား လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့(မကွေး)မှ ဒုတိယညွှန်ကြားရေးမှူးနှင့် လက်ထောက်ညွှန်ကြားရေးမှူးက လုပ်ငန်းဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ထားသော စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ အရည်အသွေးများပြည့်မီရေးနှင့် အချိန်မီပြီးစီးရေးတို့အတွက် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး၊၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီး (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့(မကွေး)မှတာဝန်ယူ ဆောင်ရွက်နေသော (မကွေး-တောင်တွင်းကြီး)လမ်းမှ ထန်းပင်စမ်း၊ ကိုးပင်ကွေ့၊ လယ်ယား(တ)(မ)၊ မကျီးတန်းကျေးရွာလမ်း ကတ္တရာခင်းခြင်း (၁/၀) မိုင် ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
ဆက်လက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့(မကွေး)မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် မကွေးမြို့နယ် (မကွေး -တောင်တွင်းကြီး)လမ်းမှ ထန်းပင်စမ်း၊ ကိုးပင်ကွေ့၊ လယ်ယား(တ)(မ)၊ မကျီးတန်းကျေးရွာ လမ်းအရှည်(၁.၆၀၉)ကီလိုမီတာ၊ အကျယ်(၃.၆၆)မီတာ ကတရာလမ်းခင်းခြင်းအား ခွင့်ပြုရန်ပုံငွေ (၃၀၀.၀၀)သန်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)