သတင်းများ

ကျောက်ဆည်မြို့နယ်တွင်(၁၆)ကြိမ်မြောက် ဂိုဏ်ပေါင်းစုံ ထေရ်ကြီး/ဝါကြီး ဆရာတော်ကြီးများ ပူဇော်ပွဲနှင့် သံဃာတော်(၁၀၈)ပါး ဆွမ်းလောင်းလှူပွဲ ကျင်းပ
May 03,2023
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်တွင် သာသနာတော်နှစ် ၂၅၆၆ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓဟူးနေ့) ၂၀၂၃ ခုနှစ် မေလ(၃)ရက်နေ့ နံနက်(၆)နာရီအချိန်က သီရိသာသနာ့ဓမ္မာရုံ၌ (၁၆)ကြိမ်မြောက် ဂိုဏ်ပေါင်းစုံ ထေရ်ကြီး/ဝါကြီး ဆရာတော်ကြီးများ ပူဇော်ပွဲနှင့် ဆွမ်းလောင်းလှူပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။ 
ပုဗ္ဗသီရိ​မြို့နယ်၌ ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့)ကဆုန်ညောင်ရေသွန်းပွဲတော်မင်္ဂလာ အခမ်းအနား ပြင်ဆင်ဆောင်ရွက်ထားရှိမှုအားနေပြည်တော်ကောင်စီ အဖွဲ့ဝင်ဦးမြင့်စိုး လာရောက်ကြည့်ရှု
May 03,2023
ပုဗ္ဗသီရိမြို့နယ်၊ သပြေစမ်းကျေးရွာအုပ်စု၊ သတ္တသတ္တာဟ(ဗုဒ္ဓဂါယာ)  စေတီတော်မြတ်ကြီး၌ နေပြည်တော်ကောင်စီမှ ကြီးမှူးကျင်းပသော ကဆုန်လပြည့် (ဗုဒ္ဓနေ့) ကဆုန်ညောင်ရေသွန်းပွဲတော် မင်္ဂလာအခမ်းအနား ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေအား နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးမှ ယမန်နေ့နံနက်ပိုင်းက လာရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
လပွတ္တာမြို့နယ်လုံးဆိုင်ရာ ကဆုန်ညောင်ရေ သွန်းလောင်းပွဲတော်နှင့် ဆွမ်းဆန်တော် လောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ
May 03,2023
မေ ၃ ရက် (ကဆုန်လပြည့်နေ့) နံနက်၇နာရီချိန်တွင် မြို့ကျက်သရေဆောင် အောင်တော်မူစေတီတော်ပရိဝုဏ်အတွင်းရှိ ဗောဓိညောင်ပင်၌ ညောင်ရေသွန်းလောင်းပူဇော်ပွဲ စည်ကားစွာ ကျင်းပကြောင်း သိရသည်။
(၇၇) နှစ်မြောက် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့နေ့အထိမ်းအမှတ် ပြည့်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
May 03,2023
‌၂၀၂၃ ခုနှစ် မေလ (၅)ရက် နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် မွန်ပြည်နယ် မီးသတ်ဦးစီးဌာနမှ ပြည်နယ် ဦးစီးမှူး ဦးစိုး၀င်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက လူမှုရေးအသင်းအဖွဲ့၀င်များ၊ ဂေါပကအဖွဲ့ဝင် များနှင့် ပူးပေါင်းပြီး ယမန်နေ့နံနက် ၈ နာရီက မော်လမြိုင်မြို့နယ် ကျိုက်သလ္လံစေတီတော်မြတ် ကြီးသို့သွားရောက်ပြီး ပြည်သူ့အကျိုး ပြု စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကဆုန်လပြည့် ဗုဒ္ဓနေ့၌ ကျောက်ပန်းတောင်းမြို့ မြို့ဦးအောင်စေတီဘုရားကြီးတွင် သံဃာ ၁၀၈ ပါးတို့အား ဆွမ်းဆန်တော်နှင့်လှူဘွယ်ပစ္စည်းများ လောင်းလှူပွဲ ကျင်းပ
May 03,2023
သံဃာတော် ၁၀၈ ပါးတို့အား ဆွမ်းဆန်နှင့် အခြားလှူဘွယ် ပစ္စည်းများ လောင်းလှူပူဇော်ပွဲကို၊ ကဆုန်လပြည့် ဗုဒ္ဓနေ့ဖြစ်သည့် မေလ(၃)ရက်နေ့ နံနက်(၆)နာရီက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်း‌တောင်းမြို့  မြို့ဦးအောင်စေတီ ဘုရားကြီးပရဝဏ်တွင်  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးကုတ်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကဆုန်လပြည့်နေ့အကြောင်း အသိပညာပေး (Talk Show)ပြုလုပ်
May 03,2023
မန္တေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre))ခန်းမတွင် မြန်မာ့တစ်ဆယ့်နှစ်လရာသီများတွင် တစ်ခုအပါအဝင်ဖြစ်သည့် ကဆုန်လပြည့်နေ့အကြောင်း အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
သထုံမြို့နယ်တွင် ကဆုန်လပြည့်(ဗုဒ္ဓ‌နေ့)အ‌ကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်
May 03,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စာပေချစ်သူများအသင်း (Book Club) အဖွဲ့တို့ပူးပေါင်း၍ ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်နေ့ဖြစ်သည့် "ကဆုန်လပြည့်(ဗုဒ္ဓနေ့)"အကြောင်း သိကောင်းစရာ Talk Show ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်သည်။
လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်၊ သုံးထပ်တိုက် သံဃာ့ကျောင်းဆောင်သစ် ကျောင်းလွတ်ပွဲရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကျင်းပ
May 03,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်၊ သုံးထပ်တိုက်သံဃာ့ ကျောင်းဆောင်သစ်ကျောင်းလွတ်ပွဲ ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီအချိန်က အဆိုပါကျောင်းတိုက်တွင်ကျင်းပရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တိုင်းစစ်ဌာနချုပ်မှအရာရှိများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင်၊ အလှူရှင်များ တက်ရောက်ခဲ့ကြသည်။