သတင်းများ

ပွင့်ဖြူမြို့နယ် ညောင်ပင်ရွာကျေးရွာ မြေသားလမ်းအား ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေစွာသွားလာနိုင်ရန် ကတ္တရာလမ်းအဆင့်မြှင့်တင်ဆောင်ရွက်နေမှုအား အချိန်မီပြီးစီးရေး ကွင်းဆင်းစစ်ဆေး
Dec 08,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ညောင်ပင်ရွာကျေးရွာသို့ ဆက်သွယ်ဖောက်လုပ်ထားသည့် မြေသားလမ်း အရှည်ပေ ၇ ဖာလုံအား ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေစွာသွားလာနိုင်ရန်အတွက် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးဘတ်ဂျတ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက အချိန်မီပြီးစီးနိုင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ တစ်ပတ်အတွင်း ပြည်ပနိုင်ငံသား ၂၃၂ ဦးဝင်ရောက်
Dec 08,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ပြည်တွင်းပြည်ပခရီးသွားများ လာရောက်လည်ပတ်မှု များပြားလျက်ရှိရာ ဒီဇင်ဘာပထမပတ်အတွင်း ပြည်ပနိုင်ငံသားခရီးသွားဝင်ရောက်မှု များပြားလာနေပြီဖြစ်ကြောင်း သိရသည်။
ကျိုက်လတ်၌ လူရည်ချွန်ရွေးချယ်ရေး ကိုယ်ကာယကြံ့ခိုင်ရေး စွမ်းရည်စစ်ဆေးခြင်း ဆောင်ရွက်
Dec 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများ ရွေးချယ်ရေးဆိုင်ရာလုပ်ငန်းများကို ဒီဇင်ဘာ ၅ ရက်မှ စတင်၍ ဆောင်ရွက်လျက်ရှိရာ ကိုယ်ကာယကြံ့ခိုင်ရေး စွမ်းရည်စစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီက (၁၀)ဖြတ်လမ်းရှိ မြို့နယ် ပြည်သူ့အားကစားကွင်းအတွင်း ဆောင်ရွက်ခဲ့သည်။
သနပ်ပင်မြို့နယ်၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဟောပြောပွဲကျင်းပ
Dec 08,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပ‌‌သော (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းမည်ဖြစ်ကာ မည်သူမဆိုပါဝင်လှူဒါန်းနိုင်
Dec 08,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းမည်ဖြစ်ရာ မည်သူမဆို ပါဝင်လှူဒါန်းနိုင်ကြောင်း ရွှေစည်းခုံစေတီတော်ကြီး ဂေါပကဥက္ကဋ္ဌ ဦးကျော်မြင့်ထံက သိရသည်။
မြို့မကျောင်း(ဒဂုံ)၌ ၂၀၂၃ ခုနှစ်၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကျင်းပ
Dec 08,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ မြို့မအမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ဦးဘလွင်ခန်းမ၌ ယမန်နေ့နံနက်(၈)နာရီအချိန်က ၂၀၂၃ ခုနှစ်၊ (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အခမ်းအနားကျင်းပဆောင်ရွက်ခဲ့သည်။
ကွမ်းခြံကုန်းမြို့နယ်တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပ
Dec 08,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ​ကွမ်းခြံကုန်းမြို့နယ်တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ဇာတိမာန်ခန်းမတွင် ကျင်းပခဲ့သည်။
ပုဂံဂေါက်ကလပ်တွင် ၁၀၃ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲနှင့်ဆုပေးပွဲကျင်းပ
Dec 08,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် လျှပ်တပြက်ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပခြင်းကို ပုဂံဂေါက်ကလပ်တွင် ယမန်နေ့နေ့လယ် ၁၂ နာရီအချိန်စတင်ပြီး ပုဂံဂေါက်ကလပ်တွင် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဆုချီးမြှင့်ပွဲ ည ၇ နာရီအချိန် Regency Hotel ၌ ကျင်းပခဲ့ကြောင်း သိရသည်။