သတင်းများ

သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်း ကြည့်ရှုအားပေး၍ အောက်စီဂျင်စက်ရုံသို့ ကြည့်ရှုစစ်ဆေးပြီး (၄၀)လီတာအိုးများ ဖြည့်တင်းဆောင်ရွက်ထားရှိ
May 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က မေလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်း ကြည့်ရှုအားပေး၍ အောက်စီဂျင်စက်ရုံသို့ ကြည့်ရှုစစ်ဆေးပြီး (၄၀)လီတာအိုးများ ဖြည့်တင်းဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
သာယာဝတီမြို့တွင် ခရိုင်/မြို့နယ်အဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစု ညောင်ရေသွန်းပွဲ ကျင်းပ
May 03,2023
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုများက  ၁၃၈၅ ခုနှစ်(ကဆုန်လပြည့်)နေ့ နံနက် ၈ နာရီက ညောင်ရေသွန်းပွဲတော် ကျင်းပခဲ့သည်။
မက်မန်းမြိုနယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီအတွင်း ထောပတ်ပင်များ စိုက်ပျိုးနိုင်ရေး မြေနေရာ ပြင်ဆင်ထားရှိမှု အခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း ဆောင်ရွက်
May 03,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီအတွင်း နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးနိုင်ရေးအတွက် ထောပတ်စိုက်ပျိုးဧက (၈)ဧက စိုက်ပျိုး နိုင်ရေးအတွက် မြေနေရာ ပြင်ဆင်ထားမှုကို မက်မန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ယမန်နေ့ မွန်းလွဲ ပိုင်းအချိန်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ရေတာရှည်၌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကျင်းပ
May 03,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ​ခြေပြုဗဟိုဌာန၊ Community Centre  ခန်းမ၌ ယမန်နေ့က အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
မော်လိုက်မြို့၌ တန်ဖိုးမြှင့်စားသောက်ကုန် (Bakery)ထုပ်လုပ်မှု နည်းပညာသင်တန်း  ဆင်းပွဲအခမ်းအနားကျင်းပ
May 03,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ တန်ဖိုးမြှင့်စားသောက်ကုန်(Bakery)ထုပ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က ခရိုင်အသေးစား စက်မှုလက်မှုဦးစီးဌာန အစည်းအဝေးခန်းမကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစု ညောင်ရေသွန်းပွဲ ပြုလုပ်
May 03,2023
၁၃၈၅ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများက ညောင်ရေသွန်းပွဲတော်ကို နံနက် ၈ နာရီက ပြုလုပ်ခဲ့သည်။
မက်မန်းမြို့နယ်တွင် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများသို့ ဆိုလာနှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်ပွဲ ကျင်းပ
May 03,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများအား (၆၀)ဝပ် ဆိုလာ(၆၅)ချပ်နှင့်ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအ‌ဝေးခန်းမတွင် ယမန်နေ့ ၊ မွန်းလွဲပိုင်း အချိန်က ကျင်းပခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်းရှိ ရသင့်ရထိုက်သည့် အခွန်အခများနှင့် ချေးငွေများအပြည့်အဝကောက်ခံရရှိရေးဆိုင်ရာ လုပ်ငန်းညှိနိုင်းအစည်း အဝေးတက်ရောက်
May 03,2023
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် ရသင့်ရထိုက်သည့် အခွန်အခများနှင့် ချေးငွေများအပြည့်အ၀ ကောက်ခံရရှိရေးဆိုင်ရာ ညှိနိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေး သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်၊