သတင်းများ

မိုင်းဆတ်မြို့နယ် အ.မ.က (ဝိန်းနေ) ကျောင်း၌ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်
Dec 09,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းသင်ခန်းစာအပြင် ပြင်ပအသိပညာ ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ မိုင်းဆတ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့ လစဉ် နယ်လှည့်စာကြည့်တိုက်နှင့် အသိပညာပေး ဟောပြောပွဲများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ(၁)နာရီက အ.မ.က(ဝိန်းနေ)ကျောင်းသို့ ကွင်းဆင်းကာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြန်အောင်မြို့နယ်တွင် (၂၀၂၃–၂၀၂၄) ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲ ကိုယ်ကာယကြံ့ခိုင်ရေး စစ်ဆေးခြင်းများ ဆောင်ရွက်
Dec 09,2023
ထူးချွန်ထက်မြက်၍ အကျင့်စာရိတ္တ ကောင်းမွန်ပြီး ဗလငါးတန် ပြည့်စုံသော ကျောင်းသား/ လူရွယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် (၂၀၂၃–၂၀၂၄) ပညာသင် နှစ် မြို့နယ်အဆင့် လူရည်ချွန် စာမေးပွဲ ကိုယ်ကာယကြံ့ခိုင်ရေး စစ်ဆေးခြင်းများကို ယနေ့နံနက်က မြန်အောင်ရေနံမြေ အားကစားကွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့ အ-ထ-က ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Dec 09,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မိဘဆရာအသင်းနှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ဆည်မြို့၌ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ထုတ်ပေးခြင်းအခမ်းအနား ကျင်းပ
Dec 09,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေနှင့်အညီ လုပ်ငန်းခွင်ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်များထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက မြို့နယ်လူမှုဖူလုံရေးရုံး၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။
သံတောင်ကြီးဒေသထွက်ကွမ်းသီးများအထွက်နှုန်းကောင်းသော်လည်းဝယ်လိုအားကျဆင်း
Dec 09,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်ပြီး  ဒေသခံပြည်သူများမှာ အများအားဖြင့် ဉယျာဉ်ခြံလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းအနေနှင့် အဓိကလုပ်ကိုင် ဆောင်ရွက်လျက်ရှိရာ  ယခုနှစ်တွင် သံတောင်ကြီးဒေသထွက် ကွမ်းသီးများ အထွက်နှုန်းကောင်းသော်လည်း ဝယ်လိုအားကျဆင်းကြောင်း သိရသည်။
ပုသိမ်ကြီးမြို့နယ်၌ စာဖတ်ဝိုင်း ကျင်းပ
Dec 09,2023
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့နံနက် ၁၀နာရီက စာရေးဆရာ မင်းသန်းထိုက် (ဒေးဒရဲ) ရေးသားသော တြိဂံတစ်ခု၏ ပုံရိပ်များမှ အနာဂတ်မြန်မာသို့ စာအုပ်အား စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
ကြံခင်းမြို့နယ် (Community Centre) ခန်းမတွင်  အခြေခံပညာ မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ
Dec 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျောင်းသား/သူများ ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်ဖွံ့ဖြိုးစေရန်နှင့် နှုတ်မှုစွမ်းရည် ထက်မြက်စေရန် ရည်ရွယ်ပြီး ကဗျာရွတ်ဆို ပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က ကျင်းပပြုလုပ်သည်။
စဉ့်ကူးမြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှုရပ်တန့်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ                    
Dec 09,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ရပ်တန့်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲ အချိန်က လက်ပန်လှကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ကျွန်းရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။