သတင်းများ

မြောင်းမြခရိုင်လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် က‌ဆုန်လပြည့်နေ့အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ပြုလုပ်
May 02,2023
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Center   ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကဆုန်လပြည့်နေ့အကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။   ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်‌ဝေဝေမြင့်မှ အသိပညာပေး Talk Show အစီအစဉ် ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး၊ သာသနာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ရဲအောင်က ကဆုန်လပြည့်ဗုဒ္ဓနေ့နှင့် ညောင်ရေသွန်းပွဲတော်ဖြစ်ပေါ်လာရခြင်း အကြောင်းအရာများကို ဆွေး‌နွေး ပြောကြားခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး အောက်ဆီဂျင်စက်ရုံလည်ပတ်နေမှု ကြည့်ရှုစစ်ဆေး
May 02,2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်ချုပ်ကြီး မိုးမင်းနိုင်နှင့်တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စိန်ပန်းကျောင်း တိုက်အတွင်းဆောက်လုပ်ထားသော ဟိတဓရအောက်ဆီဂျင်စက်ရုံလည်ပတ်နေမှုအား ​ကြည့်ရှု့စစ်ဆေးကာတာဝန်ရှိသူများ နှင့်ရင်းရင်းနှီးနှီးတွေ့ဆုံကာ တာဝန်ရှိသူများ ထံလိုအပ်သည်များကို မှာကြားခဲ့သည်။
အိမ်မဲမြို့နယ်တကောကျေးရွာတွင်မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက်သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် GW-11စပ်မျိုးစပါးမျိုးစေ့များပေးအပ်ပွဲကျင်းပ
May 02,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် တကောကျေးရွာတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် တစ်ဧက (၁၀) တင်းတိုးထွက်ရှိရေးအတွက်GW-11 စပ်မျိုးစပါးမျိုးစေ့ များပေးအပ်ပွဲကို ယမန်နေ့နံနက် (၉) နာရီတွင် ကျင်းပသည်။
အိမ်မဲမြို့နယ်ပြည်သူ့ဆေးရုံတွင် ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး Sinopharm နှင့် Myancopharm များ ထိုးနှံပေးလျက်ရှိ
May 02,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ဆေးရုံတွင် မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါကူးစက်ခြင်းမှ ကာကွယ်နိုင်ရန်ရန်အတွက် ကိုဗစ်ရောဂါကာကွယ်ဆေးများ အ​ကြိမ်ပြည့်ထိုးနှံ​ပေးခြင်းကို ယနေ့နံနက် ၉ နာရီတွင် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ပျဉ်းမနားမြို့၊ ကျွန်းဦးကျေးရွာ၌ အခြေခံကွန်ပျူတာသင်တန်းဖွင့်လှစ်
May 02,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ ကျွန်းဦးကျေးရွာတွင် အခြေခံလူတန်းစားများ အသက်မွေးဝမ်းကြောင်းတွင် တစ်ဘက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန်အတွက် ရည်ရွယ်၍ အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲ ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပခဲ့သည်။
မော်လမြိုင်မြို့ အ.ထ.က ရွှေနတ်တောင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
May 02,2023
​ကျောင်းသား၊ကျောင်းသူများအား အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံလေကြောင်းလူငယ် သင်တန်းတို့ပူးပေါင်း၍  အသိပညာပေးဟောပြောပွဲကို မေလ ၁ရက်နေ့ နံနက် ပိုင်းက မော်လမြိုင်မြို့ အ.ထ.က ရွှေနတ်တောင် ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ပြည်သူများ၏ ကျန်းမာရေးအတွက် စားသုံးရန်နှင့် သုံးစွဲရန်မသင့်သည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ  ရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေးအသိပညာပေး
May 02,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ သက်ရှည်ကျန်းမာစေရေးအတွက် စားသုံးရန်နှင့် သုံးစွဲရန်မသင့်သည့် အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေမှု မရှိစေရေးအတွက် ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့မစည်ပင်သာယာဈေးနှင့် ရပ်ကွက်များရှိ  စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း အရောင်းဆိုင်များသို့ သွားရောက်ပြီး ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ အပိုထပ်​ဆောင်း ထိုးနှံ​ပေးနေမှုများနှင့် ကလေးငယ်များအား တိုးချဲ့ကာကွယ်ဆေးများ ထိုးနှံနေမှုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ကြည့်ရှုအားပေး
May 02,2023
 ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ အပိုထပ်ဆောင်း ထိုးနှံ​ပေးနေမှုနှင့် ကလေးငယ်များအား တိုးချဲ့ကာကွယ်ဆေးများ ထိုးနှံ​ပေးနေမှုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများနှင့် အတူ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။