အောင်လံမြို့နယ်သို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ချိန်နှင့်အဖွဲ့သည် အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်နေမှုအား ကွင်းဆင်းစစ်ဆေး

အောင်လံ ဒီဇင်ဘာ ၈

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်သို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့်အဖွဲ့သည် အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်နေမှုအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် (၈) နာရီက အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်ရာသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ တိုင်းဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများလိုက်ပါလျက် ကွင်းဆင်းစစ်ဆေးခဲ့သည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာ ဝန်းကြီးအား အဝေးပြေးယာဉ်ရပ်နားစခန်း တည်ဆောက်ရေးလုပ်ငန်း‌ ဆောင်ရွက်လျက်ရှိ သော အောင်အောင်သော်ကုမ္ပဏီမှ ဒါရိုက်တာဦးအာကာက Power Point ဖြင့် ရှင်းလင်းတင်ပြပြီး ဝန်ကြီးမှ တည်ဆောက်ရေးလုပ်ငန်းကို ၂၀၂၄ ခုနှစ် ဇူလိုင်လအပြီး ဆောင်ရွက်ရန် လျာထားသော်လည်း လုပ်ငန်းစတင်ဆောင်ရွက်လျက်ရှိသည်မှ ပြီးစီးနိုင်သည့် လုပ်ငန်းအခြေအနေများကို အမြန်ပြီးစီးအောင် ဆောင်ရွက်စေလိုကြောင်း၊ လုပ်ငန်းများကို အရည်အသွေးပြည့်မီစွာနှင့် မြန်နိုင်သမျှမြန်အောင် ဆောင်ရွက်နိုင်ရေး၊ အဝေးပြေးကားကွင်းအမြန် ဖွင့်လှစ်ဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက် စေလိုကြောင်းတို့ပြောကြားပြီး လိုအပ်သည်များကို ထပ်ဆင့်လမ်းညွှန်မှာကြားကာ လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်ဆက်)