သတင်းများ

ဒေးဒရဲမြို့၌ (၇၇) နှစ်မြောက် ​​မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်
May 02,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် (၇၇)နှစ်မြောက်မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက နွေရာသီသောက်ရေရှားပါးလျက်ရှိသည့် လေးအိမ်ကုန်းကျေးရွာရှိ အိမ်ထောင်စု (၇၀) စုအား သောက်သုံးရေ ဂါလံ (၁၆၀၀) အား လှူဒါန်းဖြန့်ဝေခဲ့ကြောင်း သိရသည်။
သီရိဝဏ္ဏထူပါရုံ နောင်တော်ကြီးစေတီတော်မြတ်ကြီးအား ရွှေထီးတော် တင်လှူပူဇော်
May 02,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့နယ်၊ ရေခလုတ်ကျေးရွာအုပ်စု၊ ထူပါရုံကျောင်းဝန်းအတွင်း တည်ထားကိုးကွယ်တော်မူသော ‌သီရိဝဏ္ဏနောင်တော်ကြီး စေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်လှူပူဇော်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြသည်။
အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် Mask Campaignနှင့်အသိပညာပေးခြင်းများဆောင်ရွက်
May 02,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခြင်းမှ ကာကွယ်နိုင်ရန်အတွက် အပြင်ထွက်သူတိုင်းမဖြစ်မနေ နှာခေါင်းစည်းတပ်ဆင်ကြရန်နှင့် ကာကွယ်ဆေးအပြည့်အဝထိုးနှံကြရန် အသိပညာပေးခြင်းကိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှဦးဆောင်၍ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ယမန်နေ့နံနက်၈ နာရီတွင်ဆောင်ရွက်ခဲ့သည်။
(၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ညောင်ဦးခရိုင် မီးသတ်စခန်းရှေ့ ဗီနိုင်းဆိုင်းဘုတ်စိုက်ထူခြင်းနှင့် နယ်မြေမီးသတ်စခန်းများမှ သောက် သုံးရေ လှူဒါန်း
May 02,2023
မေလ ၅ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၇ နာရီအချိန်က ညောင်ဦးခရိုင် မီးသတ်စခန်း ရှေ့မျက်နှာစာတွင် ဗီနိုင်းဆိုင်းဘုတ်စိုက်ထူခြင်းနှင့် နယ်မြေမီးသတ်စခန်းများက ကျေးရွာ၊ တဲတိုက်၊ ဘုန်းတော်ကြီးကျောင်းများသို့ သောက်သုံးရေ လှူဒါန်းက ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း ညောင်ဦးမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံက သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် မီးဘေးသင့်အိမ်ထောင်စုသုံးစုအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့လှူဒါန်း
May 02,2023
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ကြံစုအုပ်စု၊ ကံတွင်းကျေးရွာတွင် ဧပြီ(၂၇) ရက်နေ့က မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ခဲ့သည့် အိမ်​ထောင်စု(၃)စုအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုးငွေ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေများနှင့် ကယ်ဆယ်ရေး ပစ္စည်းများကို ယနေ့ နံနက်(၁၀)နာရီက ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့သည်။
မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကွန်ပျူတာအ‌ခြေခံသင်တန်း (အခမဲ့) ဖွင့်လှစ်
May 02,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ရှိ ကွန်ပျူတာခန်းမ၌ မေလ ၂ ရက်နေ့ နံနက် ၉ နာရီက ကျောင်းသား/ကျောင်းသူများ နွေရာသီ အားလပ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးပြု၍ အသိပညာ အတတ်ပညာ ဗဟုသုတများ တိုးပွားလာစေရန်  ကွန်ပျူတာအ‌ခြေခံသင်တန်း( အခမဲ့) ဖွင့်လှစ်‌ပေးခဲ့သည်။
သာပေါင်းမြို့နယ်အတွင်းရှိ ပြည်သူများ လုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကာကွယ်ရေးအတွက် လှည့်ကင်း ပတ်ကင်း ဆောင်ရွက်လျက်ရှိ
May 02,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေပြည်သူများ လုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကာကွယ်ရေး အတွက် မေလ ၁ ရက်၊ ည ၁၀ နာရီအချိန်မှ စတင်၍ လှည့်ကင်း ပတ်ကင်းဆောင်ရွက်လျက်ရှိကြသည်။
ကလောမြို့ သမိုင်းဝင်နှီးဘုရားကျောင်းတော်ကြီး၌ မိုးခေါ်ပွဲ(ခေါ်)ရိုးရာတာတက်ပွဲကျင်းပ
May 02,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် သမိုင်းဝင်နှီးဘုရားကျောင်းတော်ကြီး၌ မိုးခေါ်ပွဲ (ခေါ်) ရိုးရာအတာတက်ပွဲကို ယမန်နေ့က အဆိုပါကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။