သတင်းများ

ကော့မှူး၌ ကဆုန်လပြည့်နေ့အကြောင်း အသိပညာပေး Talk Show ကျင်းပ
May 03,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့‌ နေ့လယ် ၁၂ နာရီက ကဆုန်လပြည့်နေ့အကြောင်း အသိပညာပေး Talk Show အားကျင်းပခဲ့ကြောင်း သိရသည်။
မချမ်းဘော လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ
May 02,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည် မြင့်မားလာစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ပိုမိုတိုးတက်လာစေရန်ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
မြင်းခြံမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအဖြစ် Mask Campaign ပြုလုပ်
May 02,2023
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအဖြစ် ယနေ့နံနက် ၇ နာရီ အချိန်က Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်၌ စာဖတ်ဝိုင်း ကျင်းပ
May 02,2023
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန (Community Centre)  ခန်းမ၌ ယ​နေ့ နံနက် ၁၀ နာရီအချိန်ခန့်က  Book Club၊ Women Clubနှင့် Youth Club အဖွဲ့ဝင်များဖြင့် စာရေးဆရာ မောင်မင်းစိုး ရေးသားထားသော" လူငယ်နဲ့ အထက်တန်းစားစိတ်ဓာတ်" စာအုပ်ဖြင့် စာဖတ်ဝိုင်း  ကျင်းပခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌   မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏  လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
May 02,2023
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌  မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ် ၂ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် သာစည်မြို့နယ် ကျေးရွာများ၌ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတစ်လုံး စာသင်ကျောင်းဆောင်တစ်ဆောင်နှင့် လူနေအိမ်များ အမိုးလန် ပျက်စီးမှုဖြစ်ပွား
May 02,2023
မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်တွင်  မေ ၁ ရက်ညပိုင်းနှင်မေ ၂ ရက် နံနက်ပိုင်းတို့က  မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုတို့ကြောင့်  မြို့နယ်အတွင်းရှိ ကျေးရွာများ၌ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတစ်လုံး၊ စာသင်ကျောင်းဆောင်တစ်ဆောင်နှင့် လူနေအိမ်များ အမိုးလန်ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ (ဂ) ရပ်ကွက်၊ သာသနာ့ရံသီဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း
May 02,2023
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဆွမ်း/ကွမ်းခက်ခဲသည့် ဘုန်းတော်ကြီးကျောင်းများသို့ ထောက်ပံ့လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ (ဂ) ရပ်ကွက်၊ သာသနာ့ရံသီဘုန်းတော် ကြီးကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲများအား  ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မိုးညှင်းမြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) ကျေးရွာများ သုံးသပ်ဆွေးနွေးပွဲ ကျင်းပ
May 02,2023
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ကျေးရွာများသုံးသပ်ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီခွဲက ခရိုင်ကျေးလက်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။