ခိုလမ် ဇူလိုင် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာမူလတန်းလွန်ကျောင်း(ဝမ်ဖွီး)တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့မွန်းလွဲပိုင်း ၁ နာရီခွဲအချိန်က ကျင်းပခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန( စာကြည့်တိုက်လက်ထောက်-၃) ဒေါ်ဝေဝေအောင်မှ အထိမ်းအမှတ်နေ့များကို မြတ်နိုးတန်ဖိုးထားရန်၊ မမေ့လျော့စေရန်နှင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ အာဇာနည်ကိုးဦးတို့၏ အတ္ထုပ္ပတ္တိအကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ဟောပြောပွဲတက်ရောက်လာသော ကျောင်းသား/ကျောင်းသူများအား အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များကို ပြသပေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)