မူဆယ်မြို့၊ ရထိုက်ကိုယ်ပိုင်အလယ်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မူဆယ် ဇူလိုင် ၁၆

ကျောင်းသားလူငယ်များ အသိပညာဖွံ့ဖြိုးတိုးတက်စေပြီး ဗဟုသုတပြည့်စုံသော လူတော်လူကောင်းကလေးများဖြစ်လာစေရန်ရည်ရွယ်ပြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်ရှိ ရထိုက်ကိုယ်ပိုင်အလယ်တန်းကျောင်းတွင် ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် ရထိုက်ကိုယ်ပိုင်အလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းဝင်းမာက အဖွင့်မိတ်ဆက်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က လူငယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ဦးစီးအရာရှိက “အသိဉာဏ်ပညာဖွံ့ဖြိုးဖို့ စာဖတ်ကြပါစို့” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ ကျောင်းသား/ကျောင်းသူကလေးမျာက သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ဟောပြောပွဲအပြီးတွင် (၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ပြသထားသည့် နံရံကပ်စာစောင်များအား ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။ အဆိုပါဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသားလူငယ် ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ချယ်ရီမြေ(မူဆယ်)