သတင်းများ

ဇလွန်မြို့နယ်တွင် မြစ်ရေဝင်ရောက်လေ့ရှိသည့်ကျေးရွာများသို့ တိရစ္ဆာန်အစာနုအိတ်များပေးအပ်
Jul 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် မြစ်ရေဝင်ရောက်လေ့ရှိသည့် ကျေးရွာများသို့ တိရစ္ဆာန် အစာနုအိတ်များပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်​​ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ငပုတောမြို့၌ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jul 15,2025
ဧရာဝတီတိုင်း‌ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယ‌နေ့မွန်းလွဲ (၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြကြောင်း သိရသည်။
ဓနုဖြူမြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ပန်းချီပြိုင်ပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲကျင်းပ
Jul 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၅ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ပန်ချီပြိုင်ပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့နယ်၌ အခွန်ဆိုင်ရာ အသိပညာပေး ဗီနိုင်းချိတ်ဆွဲထားရှိမှု ကွင်းဆင်းစစ်ဆေး
Jul 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ယမန်နေ့နံနက်ပိုင်းက ပြေစာအမှတ်တံဆိပ်ကပ်နှိပ် ရောင်းချသောဆိုင်များတွင် အခွန်ဆိုင်ရာအသိပညာပေး ကြေညာချက်နှင့်ပတ်သက်၍ အများပြည်သူများသိရှိနိုင်ရန် အသိပေးကြေညာသည့် ဗီနိုင်းများချိတ်ဆွဲထားရှိမှုတို့ကို သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။ 
ကလေးမြို့တွင် အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး အသိပညာပေးဟောပြောပွဲကျင်းပ
Jul 15,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ဆည်တော်ဦးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း နတ်သျှင်နောင် ကျောင်းဆောင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်၌ လူငယ်များစာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသ
Jul 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရေး၊ စာဖတ်ရှိန် မြှင့်တင်နိုင်ရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ၊ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းများကို ယနေ့နံနက်(၁၀)နာရီက ကျွန်းပင်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါကျောင်းရှိ  ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းပွဲနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 15,2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မိတ္ထီလာမြို့သို့ လာရောက်သည့်ခရီးစဉ်အတွင်း လမ်းညွှန်မှာကြားချက်များထပ်ဆင့်ရှင်းပွဲနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက  မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ကန့်ဘလူခရိုင်၌ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ
Jul 15,2025
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တေဇအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလစဥ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဥ်(၆/ ၂၀၂၅)အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။