ကျိုင်းတောင်းမြို့ရှိ အခြေခံပညာမူလတန်းကျောင်း(ပါဆာ)၌ အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ ပြုလုပ်

ကျိုင်းတောင်း ဇူလိုင် ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ရှိ အခြခံပညာမူလတန်းကျောင်း(ပါဆာ)သို့ ကျိုင်းတောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများမှ ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

အဆိုပါဟောပြောပွဲတွင် ​ကျိုင်းတောင်းမြို့ (ပြန်/ဆက်)ရုံးရှိ ဒုတိယဦးစီးမှူး ဦးစိုင်းသီဟထွန်းမှ အ.မ.က(ပါဆာ)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများသို့ အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကိုပြောပြကာ အာဇာနည်(၉) ဦးတို့၏ အမည်များနှင့် ထိုသူတို့၏ ဆောင်ရွက်ချက်များကို ကျောင်းသား၊ ကျောင်းသူများ သိရှိနားလည်စေရန် ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် အာဇာနည်နေ့တွင် ပြုလုပ်တတ်သော အားကစားတို့နှင့် ကျဆုံးခဲ့သော အာဇာနည် (၉) ဦးတို့အတွက် ဝမ်းနည်းခြင်းအခမ်းအနားများကိုလည်း ကျောင်းသား၊ ကျောင်းသူများသိရှိစေရန် ဟောပြောပေးခဲ့သည်။

ထို့နောက် ကျိုင်းတောင်းပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနရှိ အာဇာနည်(၉)ဦးတို့၏ အတ္ထုပ္ပတ္တိတို့နှင့် အာဇာနည်နေ့ဖြစ်ပေါ်လာခြင်းကိုဖော်ပြထားသော နံရံကပ်စာစောင်နှင့် ဓာတ်ပုံများကို ကျောင်းသား၊ ကျောင်းသူများ ဖက်ရှုလေ့လာခဲ့ကြောင်း သိရပါသည်။

ကိုကို(ပြန်/ဆက်)