ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲယှဥ်ပြိုင်နေမှုတက်ရောက် ကြည့်ရှုအားပေး

တောင်ကြီး ဇူလိုင် ၁၆

ဘောလုံးအားကစား အဆင့်အတန်းပိုမိုမြင့်မားလာစေရန်နှင့် မျိုးဆက်သစ် ဘောလုံးအားကစားသမားများစွာပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှကြီးမှူး၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဘောလုံးအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဇူလိုင်လ ၁၁ ရက်မှ ၁၈ ရက်အထိ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဇုန်လေးဇုန်ခွဲ၍ကျင်းပလျက်ရှိပြီး ရှုံးထွက်ပွဲစဥ်များနှင့်ဗိုလ်လုပွဲစဥ်များကို ရန်ကုန်မြို့ရှိ အားကစားကွင်းများတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအုပ်စု ပတ်လည်ပွဲစဥ်များအဖြစ် ဇူလိုင် (၁၅) ရက် ညနေ(၃)နာရီက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ကျင်းပရာ ရှမ်းပြည်နယ်အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဥ်ပြိုင်ကစားကြပြီး တစ်ဖက်တစ်ဂိုးစီသရေကျခဲ့ပြီး အဆိုပါပွဲစဉ်ယှဥ်ပြိုင်ကစားနေမှုကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တောင်ကြီးပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား၊ သင်တန်းသူများ သူနာပြု၊ သားဖွားသင်တန်းကျောင်းမှ သင်တန်းသား၊ သင်တန်းသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)မှ သင်တန်းသားသင်တန်းသူများ၊ ဒေသခံပြည်သူများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးကြကြောင်း သိရှိရသည်။

အဆိုပါ ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲကို တောင်ကြီးဇုန်တွင် ဇူလိုင်လ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ အောင်မြင်စွာကျင်းပခဲ့ပြီး ရှမ်းပြည်နယ်အသင်းက အုပ်စုပထမဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းက အုပ်စုဒုတိယဖြင့်လည်းကောင်း နောက်တစ်ဆင့်သို့ တက်လှမ်းသွားကြကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)