ဖြူး ဇူလိုင် ၁၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင်ကျရောက်မည့် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ညောင်ပင်သာ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ မွန်းလွဲ(၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်အိမာဟိန်းက တက်ရောက်လာကြသော အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများအား (၇၈)နှစ်မြောက်အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းအကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိများကို အသိပညာပေးဟောပြောသည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက KG တန်း၊ မူလတန်းအရွယ်ကလေးငယ်များအား ရုပ်ပြစာအုပ်ဖြင့် အသိ ပညာပေးပုံပြင်များပြောကြားခြင်း၊ သုံးဘီးယာဉ်ဖြင့် ကလေးစာပေများအားဖတ်ရှုစေခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်ပြပွဲများဆောင်ရွက်ပေးခြင်း၊ အာဇာနည်နေ့နှင့်ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင်များကို ပြသပေးခဲ့ကြကြောင်းသိရသည်။
နေမျိုးလွင်(ပြန်/ဆက်)