ချောင်းဆုံ ဇူလိုင် ၁၆
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိလူငယ်လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူများအား (၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်းကာ ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲ(၁)နာရီက ဇီးကုန်း(တိုးချဲ့)(အ.မ.က) ကျောင်းတွင် အသိပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဦးစွာ ကျောင်းအုပ်ဆရာမကြီးကအမှာစကားပြောကြားကာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်မိသူဇာက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများနှင့် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအကြောင်း သိကောင်းစရာများဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများကသိလိုသည်များကို ပြန်လည်ဖြေကြားပေးခြင်းနှင့် အာဇာနည်နေ့အထိမ်းအမှတ် စာအုပ်စာစောင်ပြသခြင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ နိုင်ငံဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းဓါတ်ပုံများ၊ ကလေးစစ်သားလျော့နည်းပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားလျော့နည်းပ ပျောက်ရေးစသည့် နံရံကပ်စာစောင်များ ပြသခဲ့ကြောင်းသိရသည်။
ကိုကျော်(ချောင်းဆုံ)