ချောက်မြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အုတ်ရိုက်သင်တန်း ဖွင့်လှစ်

ချောက် ဇူလိုင် ၁၆

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ မြို့နယ်‌ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဦးစီး၍ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားနိုင်စေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အုတ်ရိုက်သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်‌ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခန်းမ၌ ဖွင့်လွှစ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မေသက်နိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောခဲ့ပြီး ဘိလပ်မြေအုတ်ဘလောက်ရိုက်နည်းသင်တန်းကို ကျွမ်းကျင်နည်းပြဆရာဖြင့် စာတွေ့စတင်သင်ကြားပို့ချ‌ပေးခဲ့ပြီး သင်တန်းတွင် စာတွေ့လက်တွေ့နှစ်မျိုးဖြင့် သင်ကြားပို့ချ‌သွားမည်ဖြစ်‌ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ချောက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား/သင်တန်းသူ (၁၅)ဦးတက်ရောက်ခဲ့ပြီး သင်တန်းအား နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ နေ့စဉ်  ဇူလိုင်လ ၁၅ ရက် မှ ၂၉ ရက်​နေ့အထိ (၁၅)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်​ဖြစ်ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)