ပြည် ဇူလိုင် ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(ပြည်)၌ ယမန်နေ့မွန်းလွဲ ၁ နာရီက ပြည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ "စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ" ကျင်းပရာအဆိုပါကျောင်းမှ ကျောင်းအုပ်ကြီးနှင့်ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ(၃၂၅)ဦးတက်ရောက်သည်။
ရှေးဦးစွာ ပြည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးလက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းဆွေကစားသုံးသူအခွင့်အရေး(၈)ချက်နှင့် လိုက်နာဆောင် ရွက်ရမည့် အချက်(၄)ချက် အကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာသိမှတ်ဖွယ်ရာနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုအတွက် တိုင်ကြားဆောင်ရွက်နိုင်သည့် နည်းလမ်းများအကြောင်းကိုလည်းကောင်း၊ ဦးစီးအရာရှိဦးနိုင်လင်းထွန်းက အွန်လိုင်းစနစ်ရောင်း/ဝယ်မှု၏ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာအကြောင်းများကိုလည်းကောင်း အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြသည်။
ထို့နောက်တက်ရောက်လာသောဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများက ဆွေးနွေးဟောပြောချက်များအပေါ် သိရှိလိုသည်များကိုမေးမြန်းဆွေး နွေးကြရာ တာဝန်ရှိသူများက ကဏ္ဍအလိုက်ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)