ကရသူရိ ဇူလိုင် ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ ကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်ဘုတ်ပြသခြင်းကို ယနေ့နံနက် ၁၀နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးက ကလေးသူငယ်အလုပ်သမားသည် တရားမဝင်ပါ၊ ကလေးအလုပ်သမားဆိုသည်မှာ၊ ပါဝင်ပတ်သက်သူများ၏ တုံပြန်ချက်များ၊ အသက်မပြည့်သေးသည့် ကလေးများအား သွေးဆောင်ဖြားယောင်းခိုင်းစေနေခြင်းအကြောင်း၊ ဘေးအန္တရာယ်ကျရောက်နေသော ကလေးအလုပ်သမား၊ ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ်ဆောင်ရွက်ပေး စသည့် အကြောင်းအရာတို့ကို ဟောပြောသည်။
ထို့နောက် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်ဘုတ်နှင့် နံရံကပ်စာစာင်များကို ပြသရာ ကျောင်းသား/ ကျောင်းသူများက စိတ်ဝင်တစား လေ့လာကြည်ရှုခဲ့ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)