မြဝတီ ဇူလိုင် ၁၅
ကရင်ပြည်နယ်၊ မြဝတီခရိုင် မြဝတီမြို့၊ အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန အခြေခံပညာဦးစီးဌာနနှင့် ခရိုင် ပတ်ဝန်းကျင်ထိ န်းသိမ်းရေး ဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့နံနက် ၁၀နာရီက အသိပညာပေး နယ်လှည့်ဟောပြောပွဲ၊ ပြပွဲများ ကျင်းပသည်။
ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးဇာနည်အောင်က အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီ၊ ဦးစီးအရာရှိ ဒေါ်ဆောင်းနှင်းဖြူတို့က လူငယ်နှင့်စာပေ၊ လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးရေး ဆိုင်ရာများပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးလင်းထက်အောင်က သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းရမည့်နည်းလမ်းများ၊ ဆောင်ရန် ရှောင်ရန်အချက်များ၊ မြဝတီမြို့နယ် စာရေးဆရာအသင်းမှ စာရေးဆရာ မောင်ရဲမာန်(မြဝတီ)က လူငယ်များ မူးယစ်သားကောင်ဘဝမှကင်းလွတ်စေရန် လိုက်နာရမည့်အချက်များ၊ မူးယစ် ဆေးဝါး အမျိုးအစား၊ မူးယစ်ဆေးဝါးဆိုးကျိုးများကို ဟောပြောသည်။
ဆက်လက်ပြီး ကျောင်းသား/ကျောင်းသူများအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက် ရေးနှင့်ပတ်သက်၍ ဉာဏ်စမ်းအမေး/အဖြေများပြုလုပ်ကာ အမှတ်တရ လက်ဆောင်ပစ္စည်းများချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ကျောင်းသား/ ကျောင်းသူများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်၊ စာအုပ်စာစောင်များအား လေ့လာ ဖတ်ရှုခဲ့ကြကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)