ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဖိတ်ခေါ်ဖူဆယ်ပြိုင်ပွဲ ကျင်းပ

ရမည်းသင်း ဇူလိုင် ၁၆

ရမည်းသင်းမြို့ နည်းပညာတက္ကသိုလ်ဖူဆယ်ကွင်း၌ ၂၀၂၅ ခုနှစ် ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား၊ အသက် ၂၅ နှစ်အောက် ဒေသတွင်း ဖိတ်ခေါ်ဖူဆယ်ပြိုင်ပွဲကို ရမည်းသင်းမြို့ နည်းပညာတက္ကသိုလ်ဖူဆယ်ကွင်း၌ ၁၄.၇.၂၀၂၅ ရက်နေ့မှ ၁၆.၇.၂၀၂၅ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ အသင်း ၆ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉နာရီတွင် အဆိုပါကွင်းအတွင်း၌ ကျင်းပခဲ့ရာ ပျော်ဘွယ်အသင်းနှင့် ရွှေမြင့်မိုရ်အသင်းတို့ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး ရွှေမြင့်မိုရ်အသင်းက အနိုင်ရရှိခဲ့သည်။

ဆက်လက်ပြီး ဆုပေးပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆု၊ ဂိုးသမားအကောင်းဆုံးဆုနင့် ဒုတိယဆုများကို ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပထမဆုရရှိသော ရွှေမြင့်မိုရ်အသင်းအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်မြင့်က ပထမဆုဖလားနှင့် ငွေသားကျပ်သုံးသိန်းအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သိမ့်သိမ့်မျိုး(ခရိုင်ပြန်/ဆက်)