(၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကျင်းပ

သာစည် ဇူလိုင် ၁၆

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်သင်းသင်းက ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်များနှင့်ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲကျင်းပရာ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ အ-ထ-က(ခွဲ) ကြာဘက်ကုန်းတို့မှ ကျောင်းသား၊ ကျောင်းသူ (၂၄)ဦး၊ အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ အ-လ-က(ခွဲ) မီးရထား ၊ အ-လ-က(ခွဲ) ကွမ်းခြံရိုး၊ အ-လ-က(ခွဲ) မြိုင်သာ၊ အ-လ-က(ခွဲ) နန်းတော်ကုန်းတို့မှ ကျောင်းသား၊ ကျောင်းသူ (၄၆)ဦး တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ 

အဆိုပါပြိုင်ပွဲကျင်းပရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမြင့်ကျော်၊ ပြိုင်ပွဲတွင် အကဲဖြတ်အမှတ်ပေးကြမည့် ဒိုင်လူကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး  ပြိုင်ပွဲအပြီးတွင် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ပြသထားသည့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် သုတ/ရသစာအုပ်ပြပွဲများကို စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။                                                              

မြို့နယ်(ပြန်/ဆက်)