ချမ်းမြသာစည် ဇူလိုင် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၂၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေများကို ရင်းနှီးကျွမ်းဝင်စေရန်နှင့် အသိပညာဗဟုသုတများ သိရှိစေရန်အတွက် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ စွမ်းရည်မြှင့်တင်ပြိုင်ပွဲများ၊ အသိပညာပေး ဟောပြောပွဲများကို စဥ်ဆက်မပြက် ကျင်းပဆောင်ရွက်ပေးလျက်ရှိသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ စာအုပ်စာပေများ ရင်းနှီးကျွမ်းဝင် စေရန်နှင့် အသိပညာဗဟုသုတများ ပြည့်ဝစေရန်အတွက် သုတ၊ ရသစာအုပ်များကို ခင်းကျင်းပြသခဲ့ပြီး၊ လူငယ်များ၏ ဘဝတက်လမ်းကို ဖျက်ဆီးစေနိုင်သည့် မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်တားဆီးရေးနှင့် လူငယ်များ၏ ပညာရေးကိုထိခိုက်စေသည့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ နံရံကပ်စာစောင်များ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်