မိတ္ထီလာ ဇူလိုင် ၁၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးလျက်ရှိသော 33KV သပြေဝ-အောင်ဆန်းဓာတ်အားလိုင်းနှင့် လွတ်ကင်းမှုမရှိသည့် သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်းရှင်းလင်းခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း မိတ္ထီလာမြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးရဲလင်းကိုကို ဦးဆောင်သောအဖွဲ့သည် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ဓာတ်အားလိုင်း အပြစ်လျော့နည်းကျဆင်းရေးအတွက် မိတ္ထီလာမြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးလျက်ရှိသော 33KV သပြေဝ-အောင်ဆန်းဓာတ်အားလိုင်းနှင့် လွတ်ကင်းမှုမရှိသည့် သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်းရှင်းလင်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံး မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးမင်းကိုထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)