ဘားအံ ဇူလိုင် ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ကရင်ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တောင်ကလေးကွက်သစ်၊ အမှိုက်ကန်အဝင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအား တာဝန်ရှိသူများက ဇူလိုင်လ (၁၅) ရက်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ကရင်ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၁၂၇.၃၇၄)သန်းဖြင့် လမ်းအရှည် (၀.၃) ကီလိုမီတာ၊ အကျယ် (၄.၂၇)၊ ထု (၃၂၅) မီလီမီတာ ရှိ တောင်ကလေးကွက်သစ်၊ အမှိုက်ကန်အဝင်လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်ခြင်းကို ဓနဟိန်းလတ်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပြီး အဆိုပါလုပ်ငန်းဆောင်ရွက်နေမှုအခြေအနအား ဘားအံခရိုင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)ဒေါ်ဝင်းဝင်းခိုင်နှင့် ဘားအံမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ (မြို့ပြ) ဦးခွန်အေးဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ရာ လုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)