စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၃-ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထု လှုပ်ရှားမှုအထိမ်းအမှတ် ဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့် အမျိုး သားပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

မုံရွာ ဒီဇင်ဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၃-ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှု အထိမ်း အမှတ် ဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့် အမျိုးသား ပိုက်ကျော် ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၈ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့ အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်နှင့် သူနာပြုသားဖွားသင်တန်း ကျောင်းများမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများနှင့် ကျောင်း သား၊ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့် အခမ်းအနားသို့တက် ရောက်လာသူများမှ ၂၀၂၃-ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှု အထိမ်းအမှတ် ဌာနပေါင်းစုံ အမျိုးသား ဗိုလ်လုပွဲစဉ်အဖြစ် စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့် အမျိုးသား ဗိုလ်လု ပွဲစဉ်အဖြစ် ပိုက်ကျော်ခြင်းပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိသော စည်ပင်သာယာ ရေးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုအားလည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးမှ အမျိုးသား စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ပထမဆုရရှိသော စည်ပင်သာ ယာရေးအသင်းမှ အားကစားသမားအား ဆုတံဆိပ်နှင့် ငွေသားဆုများအား ပေးအပ်ချီးမြှင့် ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး တရားသူကြီးချုပ်မှအမျိုးသမီး စားပွဲတင်တင်းနစ် ပြိုင်ပွဲတွင် ပထမဆုရရှိကြသော အားကစားသမားများအား လည်းကောင်း၊ တိုင်းဒေသကြီး

လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဒုတိယဆုရရှိသော လူမှုရေးရာ-၁ အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအား လည်းကောင်း၊ တိုင်း ဒေသကြီး စီးပွားရေးရာဝန်ကြီးမှ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တတိယဆုရရှိသော စီးပွား၊တိုင်းရင်းသား၊ဥပဒေ အသင်းအား ဆုတံဆိပ်နှင့်ငွေသားဆုအား လည်းကောင်း၊ တိုင်း ဒေသကြီး သယံဇာတရေးရာဝန်ကြီးမှ အမျိုးသား စားပွဲတင်တင်းနစ် ပြိုင်ပွဲတွင် ဒုတိယဆုရရှိ သော မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အားကစားသမားအား ဆုတံဆိပ်နှင့် ငွေသားဆုအား လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။ 

ဆက်လက်၍ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးမှ အမျိုးသမီး စားပွဲတင်တင်းနစ် ပြိုင်ပွဲတွင် တတိယဆုရရှိသော စီးပွား၊တိုင်းရင်းသား၊ဥပဒေအသင်းမှ အားကစားသမားအား ဆုတံဆိပ်နှင့် ငွေသားဆုအား လည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ အမျိုးသား စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် တတိယဆုရရှိသော လူမှုရေးရာ-၂ အသင်းမှ အားကစား အား ဆုတံဆိပ်နှင့်ငွေသားဆုအား လည်းကောင်း၊ တိုင်းဒေသကြီး ဥပဒေချုပ်မှ အမျိုးသမီး စားပွဲတင် တင်းနစ်ပြိုင်ပွဲတွင် တတိယဆုရရှိသော စည်ပင်သာယာရေးအသင်းမှ အားကစား သမားအား ဆုတံဆိပ်နှင့်ငွေသားဆုအား လည်းကောင်းဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ ဆုချီးမြှင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရ သည်။

တိုင်းဒေသကြီး၊ ပြန်/ဆက်။