အိမ်မဲ ဒီဇင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထက - ၂ ကျောင်း ပညာ့ဗိမာန် ခန်းမတွင် ၂၀၂၄ ခု ဇန်နဝါရီလ (၄) ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျောင်းပေါင်းစုံ (အထက် တန်း)ကျပန်း စကားပြောပြိုင်ပွဲကို ယနေ့နံနက် ၉နာရီ ၃၀ မိနစ်အချိန် တွင်ကျင်းပသည်။
အဆိုပါပြိုင်ပွဲတွင် အိမ်မဲမြို့နယ် ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်ဝင်းက (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျပန်းစကားပြော ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် အဖွင့်အမှာ စကားများကို ပြောကြားခဲ့သည်။ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲ ဒိုင်ချုပ်ဆရာမကြီး ဒေါ်ခင်မာအေးက ပြိုင်ပွဲ၏ စည်မျဥ်း စည်းကမ်းများကိုရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ကျပန်းစကားပြောပြိုင်ပွဲဝင်မည့် မြို့နယ်အတွင်း အခြေခံပညာ ကျောင်း (၉) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၉)ဦးကအလှည့်ကျ နံပါတ်စဥ်အားမဲနှိုက်၍ ကျပန်းစကားပြောပြိုင်ပွဲအား ဆက်လက်ယှဥ်ပြိုင်ခဲ့ကြကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲတွင် ဆုရရှီသူများက ဒီဇင်ဘာလ (၃၀) ရက်နေ့တွင်တိုင်းအဆင့်ပြိုင်ပွဲ၌ဝင်ရောက်ယှဥ်ပြိုင် ရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ချစ်သက်လယ်(အိမ်မဲ)