ဒေးဒရဲ ဒီဇင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်သည် ဆန်စပါးအား အဓိကစိုက်ပျိုး ထုတ်လုပ်ပြီး အခြားတိုင်းဒေသကြီးသို့ ဆန်စပါးတင်ပို့ရောင်းချခြင်း လုပ်ငန်းများဆောင်ရွက် လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြိတ်မြို့သို့ဆန်စပါးသယ်ယူပို့ဆောင်မည့် လုပ်ငန်းများ ဆောင်ရွက်မည့် ဘုရားလေးကွင်းကျေးရွာ အောင်ချမ်းသာဆန်စက်နှင့်လမုဝကျေးရွာ အောင်နန်း တော်ဆန်စက်များက ဧည့်မထဆန်များတင်ပို့ရန် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ယနေ့နံနက် (၁၀) နာရီခွဲက မြို့နယ်သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်မှုဖြင့် သက်ဆိုင်ရာဌာနများက ဒေးဒရဲမြို့နယ်မှ မြိတ်မြို့သို့ဆန်တင်ပို့မည့် ပြည့်ဖြိုးအောင်(၉) ရေယာဥ်တွင် ဧည့်မထဆန်အိတ်များ တင်ဆောင်ထားရှိမှု၊ ရေယာဥ်ကြံ့ခိုင်မှုနှင့်လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ခြင်း၊ ဆန်များသယ်ဆောင်ရာတွင် ကန့်သတ်ကုန်ပစ္စည်းများ သယ်ဆောင်ခြင်းမရှိစေရေးနှင့် တရားဥပဒေနှင့်အညီ ညီညွတ်မှုမရှိသည့် ကိစ္စရပ်များ ဖြစ်ပွားမှုမရှိစေရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အေဇာလင်း