အင်္ဂပူ ဒီဇင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံး အစည်းဝေး ခန်းမ၌ ယနေ့နံနက်ပိုင်းက (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျပန်းစကား ပြောပြိုင်ပွဲပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဆရာကြီးဦးလှထွဋ်က ကျပန်းစကားပြောပြိုင်ပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် ကျပန်းစကား ပြောပြိုင်ပွဲ အားကျင်းပပြုလုပ်ရာ မြို့နယ်အတွင်းရှိအခြေခံပညာ အထက်တန်းကျောင်းသား၊ ကျောင်းသူလေးများက "လွတ်လပ်ရေးသည် နိုင်ငံတော်၏အသက်သွေးကြောဖြစ်သည်" "လွတ်လပ်ရေးကိုအခြေတည် သွေးစည်းချစ်ကြည် လက်တွဲညီကြမည်" "(၇၆)နှစ်မြောက်မွေး နေ့မှသည် ကမ္ဘာတည်သ၍ လွတ်လပ်ရေးအမွေကို ထိန်းသိမ်းကြပါစို့"စသည့် ခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မြို့နယ်အဆင့်ဆုရရှိသူများ တိုင်းဒေသကြီးအဆင့်တွင် ဆက်လက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူးနှင့်ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများတက်ရောက်ခဲ့ကြောင်းသိရသည်။
မန်းကျော်(ပြန်/ဆက်)