သာပေါင်း ဒီဇင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဂုံညှင်းတန်း ကျေးရွာအုပ်စုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုး တိုးတတ်ရေးလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိကြသည်။
ထိုသို့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကျေးရွာအရောက် ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကြရာတွင် ယနေ့ ဒီဇင်ဘာလ ၂၈ ရက်၊ နံနက် ၁၀ နာရီအချိန်က ဂုံညှင်းတန်း ကျေးရွာအုပ်စု၊ မိချောင်းကိုက်ကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျေးရွာနေ ပြည်သူ (၁၈၅)ဦးတို့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သန်းနိုင်၊ အဖွဲ့ဝင်(၂) ဦးကျော်တိုး၊ အတွင်းရေးမှူး ရဲမှူး လှဝင်းနှင့် ဌာနဆိုင်ရာများက တွေ့ဆုံ၍ တရားဥပဒေစိုးမိုးရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ရောက်ရေး၊ အလယ်တန်း၊ အထက်တန်း သင်ယူပြီးမြောက်ရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ စာသင်ကျောင်းများ လုံခြုံရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနိုင်ရေး၊ ရောဂါဖြစ်ပွားမှု လျော့နည်းစေရေး အတွက် ကြိုတင်ကာကွယ်နိုင်ရေး၊ ကျေးရွာအုပ်စု ပြည်သူ့လုံခြုံရေး ကြီးကြပ်အဖွဲ့ ပူးပေါင်း၍ လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး၊ ယာဥ်အန္တရာယ်ကင်းရှင်းရေး၊ မော်တော်ဆိုင်ကယ်စီးနင်းပါက ဆိုင်ကယ်ဆောင်းဦးထုပ် ဆောင်ရေး၊ သတ်မှတ်မိုင်နှုန်းအတိုင်း မောင်းနှင်ရေး၊ ထော်လာဂျီနှင့် လယ်ယာသုံးယာဥ်များ ယာဥ်မှတ် ပုံတင်ပြုလုပ်ရေး၊ စနေနေ့တိုင်း နေအိမ်အလိုက် သန့်ရှင်းရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရန်၊ သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်ဆောင်ရွက်ရန်၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေး ဆောင်ရွက်ရန်၊ တစ်ဧက(၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေး ဆောင်ရွက်ရန်၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)အား ၂၀၂၄ ခုနှစ်တွင် ဧကပြည့်စိုက်ပျိုးရေး ကြိုတင်ဆောင်ရွက်ရန်၊ ရိုးပြတ်ကျန်ဧကများ မရှိရေး သီးထပ်စိုက်ပျိုးရန်၊ ဆောင်းနေကြာလျာထားဧက ပြည့်မီစွာ စိုက်ပျိုးရေး ဆောင်ရွက်ရန်၊ အယ်လ်နီညိုဖြစ်စဥ်ကြောင့် ရေပြတ်လပ်မှုရှိနိုင်သဖြင့် သောက်သုံးရေ စုဆောင်းရန်၊ ရေလှောင်ကန်များ ပြုပြင် ရေသိုလှောင်ရန်၊ စိုက်ပျိုးရေအတွက် ချောင်း၊ မြောင်း၊ ရေကန်ချောင်းပိတ် မြောင်းပိတ်ဆောင်ရွက်ရန်၊ ငါးသယံဇာတ ထိန်းသိမ်းရေး၊ လျှပ်စစ်မီး အန္တရာယ်ကင်းရှင်းရေး၊ တစ်နိုင်တစ်ပိုင်ကြက်/ဘဲ/ဝက်မွေးမြူရေး၊ ဗေဒါများအမှိုက်မြေဆွေး ပြုလုပ်ပြီး လယ်၊ စားပင်သီးပင်များစိုက်ပျိုးရာတွင် အသုံးပြုရန်၊ဒေသဖွံ့ဖြိုးရေး လုပ်ငန်းကိစ္စရပ်များ ရှင်းလင်းဆွေးနွေးကြပြီး ဒေသခံပြည်သူများက သိရှိလိုသည်များ မေးမြန်းကြရာ ကဏ္ဍအလိုက် သက်ဆိုင်ရာဌာနများမှ ပြန်လည်ဆွေးနွေး ရှင်းလင်းဖြေကြားပေးခဲ့ကြကြောင်း သိရ သည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်