တောင်သာမြို့တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

တောင်သာ ဇန်နဝါရီလ  ၁

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့အနောက်ရပ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်သာမြို့နယ်ရုံးမှ ဝန်ထမ်းများက (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသား/သူများအား အခမဲ့ဖြန်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဉီးတည်ချက်(၅)ရပ်၊ ၂၀-၁-၁၉၄၆ ရက်နေ့ အလယ်ပစ္စယံညီလာခံ၌ ဗိုလ်ချုပ်အောင်ဆန်းပြောကြားသော မိန့်ခွန်းမှ ကောက်နုတ်ချက်၊ “မြန်မာနိုင်ငံသားတို့၏မွေးရာပါတာဝန်” (၂၀၂၃ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ ထုတ် မြန်မာ့အလင်းသတင်းစာမှ ကောက်နုတ်ချက်)၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၄-၁-၂၀၂၃ ရက်နေ့ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာမှ ကောက်နုတ်ချက်၊ ပြည်တွင်း စည်းလုံးညီညွတ်မှုကသာလျှင် အဓိကအကျဆုံးဖြစ်(ဆောင်းပါး)၊ မြင်းမူမောင်နိုင်မိုး၏ လွတ်လပ်ရေးဆိုသည်မှာ(ကဗျာ)နှင့် ကာတွန်းတို့ပါရှိကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)