နတ်မောက်မြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ

နတ်မောက် ဇန်နဝါရီ ၁

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ယမန်နေ့က နံနက်(၈)နာရီအချိန်က ဗိုလ်ချုပ်ကြေးရုပ်ကွင်း၌ ကျင်းပခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန အား/ကာမှူး ဦးခင်မောင်သွင်က ကျောင်းသား/ လူငယ်များ အခြေခံအားကစားနည်းများ တက်မြောက်ကျွမ်းကျင်စေရန်၊ အချင်းချင်းပူးပေါင်းပါဝင်တတ်စေရန်၊ အနာဂတ်တွင် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲဝင်စည်းကမ်းချက်များ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ကျင်းပရာ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို အခြေခံပညာကျောင်းများမှ အသင်း(၈)သင်းဖြင့် ယှဉ်ပြိုင်ကြပြီး ဇန်နဝါရီလ(၄)ရက်နေ့တွင် ဗိုလ်လုပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

လှဝင်း