အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် သွားရောက်ရောင်းချပေး

 ဘိုကလေး ဇန်နဝါရီ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် ယနေ့နံနက် (၉) နာရီအချိန်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုနှင့်အတူ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံစားသောက်ကုန် များအား ဈေးနှုန်းချိုသာစွာဖြင့် သွားရောက်ရောင်းချပေးခဲ့သည်။

ရောင်းချပေးရာတွင် ကြက်သား (၁) ပိဿာလျှင် (၈၅၀၀) ကျပ်နှုန်းဖြင့် ပိဿာချိန် (၃၀)၊ ဝက်သား (၁) ပိဿာလျှင် (၁၄၀၀၀) ကျပ်နှုန်းဖြင့် ပိဿာချိန်(၄၂)ပိဿာ၊ ဘဲဥ (၁)လုံးလျှင် (၂၅၀)ကျပ်နှုန်းဖြင့် အလုံးရေ (၁၀၀၀)၊ ကြက်ဥ (၁) လုံးလျှင် (၂၂၀)ကျပ်နှုန်းဖြင့် အလုံးရေ(၁၁၀၀)လုံးတို့အား ရောင်းချပေးခဲ့ပြီး ဘိုကလေးပညာရေးဒီဂရီကောလိပ်မှ ဆရာ/မများ၊ သင်တန်းသား/သူများ ဝယ်ယူအားပေးခဲ့ကြကြောင်း သိရသည်။

မိုးစက် (ဘိုကလေး)