ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် သာပေါင်းမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း (ကွမ်းခြံကုန်း) တိုးချဲ့ဆောင်ဆောက်လုပ်နေမှုအား မြို့နယ်ကြီးကြပ်မှုကော်မတီမှ ကြည့်ရှုစစ်ဆေး

သာပေါင်း ဇန်နဝါရီ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ငဝန်ကြို့ကုန်းကျေးရွာအုပ်စု၊ ကွမ်းခြံကုန်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း (ကွမ်းခြံကုန်း) တိုးချဲ့ဆောင် ဆောက်လုပ်နေမှုအခြေအနေများအား ဒီဇင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်အချိန်က လုပ်ငန်းခွင်သို့ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်များက တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်အတွက်ရန်ပုံငွေ (၉၀၀) သိန်းမှ (၁၅၀) သိန်းဖြင့် ငဝန်ကြို့ကုန်းကျေးရွာအုပ်စု၊ကွမ်းခြံကုန်း ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း (ကွမ်းခြံကုန်း) တိုးချဲ့ဆောင် (၆၀’x၃၀’) ပေ ဆောက်လုပ်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ကြီးကြပ်မှု ကော်မတီဥက္ကဌမှ အရည်အသွေးပြည့်မီရေး၊သတ်မှတ်ကာလပြီးစီးရေးတို့နှင့်လိုအပ်သည်များမှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း

သာပေါင်း (ပြန်/ဆက်)