ဝါးခယ်မ ဇန်နဝါရီ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ် သကျမဟာသီရိဘုရားကြီးတွင် ယနေ့နံနက် ၅ နာရီခွဲအချိန်က ဝါးခယ်မမြို့ မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်ပွဲ အခမ်းအနားကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆိုပူဇော်၍ စတင်ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဒွိပိဋကဓရဘဒ္ဒန္တခေမာစာရ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ကြွရောက်တော်မူလာကြကုန်သော ဆရာတော်ကြီးများမှ အန္တရာယ်ကင်းပရိတ်တရားတော်များချီးမြှင့်ခြင်း၊ ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခြင်း၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဒွိပိဋကဓရဘဒ္ဒန္တခေမာစာရအရှင်သူမြတ်ထံမှ ရေစက်ချအနုမောဒနာ တရားနာယူကြည်ညိုခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃) ကြိမ်ရွတ်ဆိုပူဇော်၍ အခမ်းအနားကို အောင်မြင်စွာပိတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များ၊ ဆရာတော်သံဃာတော်ကြီးများ၊ မျိုးနယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့များ၊ မြို့ပေါ်ရပ်ကွက်အချုပ်ရေးမှူးများနှင့် အလှူရှင်မိဘပြည်သူများ တက်ရောက်တရားတော်နာယူကြည်ညိုခဲ့ကြကြောင်း သိရသည်။
ဟိန်းထက်လင်း (ပြန်/ဆက်)