သတင်းများ

ပေါင်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းကျေးရွာများ၏ ဝင်ငွေတိုးပွားရေးကဏ္ဍ အရင်းနှင့်အတိုးကောက်ခံရရှိသောရန်ပုံငွေများအား ပြန်လည်အပ်နှံခြင်း အခမ်းအနားကျင်းပ
Jan 03,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၃ခုနှစ်၊ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းကျေးရွာများ၏ ဝင်ငွေတိုးပွားရေးကဏ္ဍ အရင်းနှင့်အတိုးကောက်ခံရရှိသော ရန်ပုံငွေများအား ပြန်လည်အပ်နှံခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ (၁) နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။
၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jan 03,2024
၂၀၂၄ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)တွင် ပြုလုပ်ခဲ့ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာဦးစီးကော်မတီ၊ လုပ်ငန်း ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
လဲချားတွင် (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာဘက်စုံသုံး ခန်းမသစ်ဖွင့်ပွဲကျင်းပ
Jan 03,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့တွင် (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝမ်ထီကျေးရွာ ဘက်သုံးခန်းမသစ်ဖွင့်ပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ခန္တီးမြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးအထိမ်းအမှတ် ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စိတ်ကြိုက်ကဗျာရွတ်ပြိုင်ပွဲ ပြုလုပ်
Jan 03,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အနေဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ Community Centre ခန်းမတွင် ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စိတ်ကြိုက်ကဗျာရွတ်ပြိုင်ပွဲများကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။
တိုင်းဒေသကြီး သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီနှင့် တိုင်းဒေသကြီး မြေပြင်ကွင်းဆင်း စာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jan 03,2024
တိုင်းဒေသကြီး သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီနှင့် တိုင်းဒေသကြီးမြေပြင် ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)တွင် ပြုလုပ်ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီနှင့် တိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူ ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးများ တက်ရောက်ခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။
သထုံမြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Jan 03,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ကျောင်းသား/ကျောင်းသူများထံ အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း (ဘုရားကုန်း)၌ (၇၆)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ နှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကျင်းပ
Jan 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် (၇၆)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကို ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဘုရားကုန်း ကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (ဘုရားကုန်း)ရှိ စွယ်တော်ဆောင်ခန်းမ၌ ကျင်းပခဲ့ သည်။
ဇလွန်မြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များဖြန့်ဝေ
Jan 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့၌ ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ် ရေးနေ့ကို ကျောင်းသား၊ ကျောင်းသူများ သိရှိစေရန် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များ ကို ယမန်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းနှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့သည်။