သတင်းများ

မြောင်းမြမြို့နယ်တွင် မြမျိုးသန့်မျိုးစေ့ထုတ် သမဝါယမအသင်းသားများအား နွေစပါးမျိုးစေ့ အတွက် ချေးငွေထုတ်ချေး
Jan 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ် သမဝါယမ ဦးစီးဌာနတွင် မြောင်းမြမြို့နယ် မြမျိုးသန့်မျိုးစေ့ထုတ် သမဝါယမအသင်းသားများအား  နွေစပါးမျိုးစေ့ထုတ်ရန်အတွက် ချေးငွေများထုတ်ချေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။  
ဒေးဒရဲမြို့၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပ
Jan 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းသင်ခန်းစာအပြင် စာပေဗဟုသုတပြည့်စုံနိုင်စေရန်ရည်ရွယ်၍ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မူလတန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့ မွန်းလွဲ (၁) နာရီက  ကျင်းပပြုလုပ်ခဲ့ရာ မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများက ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။
မုဒုံမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ
Jan 03,2024
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက မြို့နယ်အားကစားပြိုင်ဝင်းအတွင်း၌ ပြိုင်ပွဲများဆက်လက်ကျင်းပလျက် ရှိသည်။
ချမ်းမြသာစည်မြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jan 03,2024
မန္တလေးတိုင်းဒေသကြီး၊ မဟာ‌အောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့၌ ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက အမှတ် (၇) အ.ထ.ကကျောင်းရှိ  ကျောင်းသား/သူများ ဖြန့်ဝေ‌ပေးခဲ့သည်။
ကျိုက်လတ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် (အကြို) ဌာနများပူးပေါင်း၍ အသိပညာပေးဟောပြောပွဲများ ပြုလုပ်
Jan 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို)အဖြစ် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးနှင့် အသိပညာဗဟုသုတများတိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲများကို ယမန်နေ့ နေ့လယ်ပိုင်းက လှည်းဆိပ်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
တံတားဦးမြို့ လူထုအခြေပြုဗဟိုဌာနတွင် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ
Jan 03,2024
တံတားဦးမြို့နယ်တွင် ကျောင်းသား/သူများ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ နေ့ကြီး ရက်ကြီးများအကြောင်းသိရှိနိုင်ရေးနှင့် နှုတ်မှုစွမ်းရည်မြင့်မားရေးတို့အတွက် ရည်ရွယ်ပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးအထိမ်းအမှတ်အဖြစ် ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲတို့ကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပေးခဲ့ကြောင်း သိရသည်။
ပုသိမ်မြို့တွင် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Jan 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံပိုးကူညီမှုဖြင့် အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးရေးကော်မတီမှ ကြီးမှူးဖွင့်လှစ်သော အိမ်တွင်းလျှပ်စစ် သွယ်တန်းတပ်ဆင်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အိမ်မဲမြို့နယ် (Community Centre) ခန်းမတွင် Book Club အဖွဲ့နှင့် စာဖတ်ပရိတ်သတ်များ ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ
Jan 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် စာရေးဆရာ နတ်သျှင်၊ ရွှေဂူ၏ အနာဂတ်ကို မျှော်တွေးပါ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို Book Club အဖွဲ့နှင့် စာဖတ်ပရိတ်သတ်များပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ (၃) နာရီအချိန်တွင် စာဖတ်ဝိုင်းကျင်းပခဲ့သည်။