သထုံမြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

သထုံ    ဇန်နဝါရီ     ၃

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ကျောင်းသား/ကျောင်းသူများထံ အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လိုက်လံဖြန့်ဝေရာတွင် သထုံမြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာအထက်တန်း‌၊ အလယ်တန်းကျောင်းများ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေပေးရခြင်း၏ ရည်ရွက်ချက်နှင့် စာစောင်ပါအချက်များတို့ကို ရှင်းလင်းပြောကြားကာ ကျောင်းသားကျောင်းသူများထံ ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် "ပြည်တွင်း စည်းလုံးညီညွတ်မှုကသာလျှင်အဓိကအကျဆုံးဖြစ်" ဆောင်းပါး၊ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်(၅)ရပ်၊ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကောက်နုတ်ချက်၊ ကဗျာ၊ ကာတွန်းနှင့် ဆောင်ပုဒ်များစသည်တို့ပါဝင်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်