သတင်းများ

ကြံခင်းမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့(အကြို) အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Jan 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ကဇင်းကြီးကျေးရွာအုပ်စု(အ.မ.က) ဇင်းကြီးကျောင်းတွင်   ကျောင်းသား/သူများ ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ ပြင်ပဗဟုသုတများစုံလင်စွာရရှိစေရန် ရည်ရွယ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး (၇၆)နှစ်မြောက်၊ လွတ်လပ်ရေးနေ့(အကြို)အသိပညာပေးလုပ်ငန်းများဖြစ်သော ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်၊ စာစောင်ပြပွဲ၊ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းတွင် အဆိုပါကျောင်းစာသင်ခန်းမတွင် ဆောင်ရွက်ခဲ့ကြသည်။
ပန်ဆောင်မြို့အတွင်း ဆောင်းနေကြာများ စတင်စိုက်ပျိုးလျက်ရှိ
Jan 03,2024
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့အတွင်းရှိ ကျေးရွာအများစုတွင် ဆောင်းသီးနှံဖြစ်သည့် နေကြာကို စတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း သိရ သည်။
ကျောက်ဆည်မြို့ အမှတ်(၇)အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ
Jan 03,2024
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ အမှတ်(၇)အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ယနေ့နံနက် ၉ နာရီအချိန်က (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်  အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်၌ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေ
Jan 03,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း (သဲတော)တွင် ပြုလုပ်ခဲ့သည်။
ကော့သောင်းမြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jan 03,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊  ကော့သောင်းမြို့တွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့  အထိမ်းအမှတ်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးချုပ်မှ ထုတ်ဝေသည့်  သတင်းစကား လက်ကမ်းစာစောင်များကို  ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဝန်ထမ်းများက (မူလွန်) ကမ်းပုံလားမားနှင့် အ.ထ.က (ခွဲ) အ.လ.က(၂) ကျောင်းတွင် အသိပညာပေး ဖြန့်ဝေပေးခဲ့သည်။
ကျွန်းစုမြို့တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်ဘောင်စီကွန်ကရစ်လမ်း ဖွင့်လှစ်
Jan 03,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၀၂၃-၂ဝ၂၄ ခု၊ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) နှင့် ပြည်သူ့ထည့်ဝင်ငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော ကျောက်ဘောင်စီကွန်ကရစ်လမ်းဖွင့်ပွဲကို ယနေ့ နံနက်(၉)နာရီခွဲ အချိန်က တာရပိုင်းကျေးရွာအုပ်စု၊ တာရပိုင်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းမာပင်မြို့၊ အမှတ်(၂)အခြေခံပညာ အလယ်တန်းကျောင်းခွဲတွင် (၇၆)နှစ်မြောက် လွတ်လပ်ရေး နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ
Jan 03,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့ အမှတ်(၂)အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် အားကစားပြိုင်ပွဲများကို ဇန်နဝါရီ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ အဆိုပါကျောင်း အားကစား ကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ‎အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲဗိုလ်လုပွဲကျင်းပ
Jan 03,2024
၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲဗိုလ်လုပွဲများကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က နဝရတ်အားကစားခန်းမတွင် ကျင်းပခဲ့သည်။