သတင်းများ

ပန်းတနော်မြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Jan 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက မြို့မစျေးနှင့်လူစည်ကားရာနေရာများ၌ ယနေ့နံနက် (၉) နာရီက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျုံပျော်မြို့တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ
Jan 03,2024
လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် လွတ်လပ်ရေး၏အနှစ်သာရကို အနာဂတ်၏ကြယ်ပွင့်များ ဖြစ်လာမည့် ကျောင်းသား၊ ကျောင်းသူများ မမေ့လျှော့စေရန်၊ တန်ဖိုးထား ထိန်းသိမ်းတတ်စေရန်အတွက် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယမန်နေ့နံနက် ၁၁ နာရီက ကျင်းပခဲ့သည်။
ဝိုင်းမော်မြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာ‌စောင်များပြသ
Jan 03,2024
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက ဝိုင်းမော်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့သည်။
ငပုတောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေး‌ဦးစီးဌာန Community Centre အတွင်း (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟော‌ပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကျင်းပ
Jan 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲကို ယနေနံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
ရွှေသောင်ယံမြို့တွင်(၇၆)နှစ် မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များဖြန့်ဝေ
Jan 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(၄)ရက် နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို အ-ထ-က-ရွှေ-ရွှေသောင်ယံစာသင်ကျောင်း၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ ယနေ့နံနက်(၁၀)နာရီက လိုက်လံဖြန့်ဝေပေး ခဲ့ကြသည်။
၂၀၂၄-ခုနှစ်၊ (၇၆)နှစ်‌မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မုံရွာခရိုင် အခြေခံပညာကျောင်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Jan 03,2024
၂၀၂၄-ခုနှစ်၊ (၇၆)နှစ်‌မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မုံရွာခရိုင် အခြေခံပညာကျောင်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၃ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းတွင် ကျင်းပရာ အခမ်းအနားသို့ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်တင်မိုး နှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပိုင်ကျုံမြို့တွင် ခရစ်ယာန်ဘု ရားရှိခိုးကျောင်းပတ်လမ်း၊ အမှတ်(၂) ရပ်ကွက်-ပညာပလီကျေးရွာ ချင်းဆက်လမ်းနှင့် ကမားခို-နောင်ခလုံး သံကူကွန်ကရစ်တံတားတို့အား ဖွင့်လှစ်
Jan 03,2024
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့ အထက်ပိုင်ကျုံကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က အထက်ပိုင်ကျုံရှိ အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပခဲ့သည်။
ဝေါမြို့နယ်၌ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး အခမ်းအနားကျင်းပ
Jan 03,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်မီးသတ်ဦးစီးဌာနက ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးအတွက် အသိပညာပေးအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအ်ချိန်က အခြေခံပညာအထက်တန်းကျောင်း (ဝေါ) ရှိ သီရိဇေယျာခန်းမ၌ ကျင်းပခဲ့သည်။