၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပုသိမ် ဇန်နဝါရီ ၃

၂၀၂၄ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)တွင် ပြုလုပ်ခဲ့ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာဦးစီးကော်မတီ၊ လုပ်ငန်း ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ဦးစီးကော်မတီ၊ လုပ်ငန်း ကော်မတီများ၏ ဆောင်ရွက်ပြီးစီးမှု အခြေအနေများအားတင်ပြရန်ဖြစ်ပါကြောင်း၊ လွတ်လပ်ရေးနေ့ အခမ်း အနားတွင် ခရိုင်အလိုက် သစ်သီးဝလံ၊ ပန်းမန်နှင့် MSMEs ကုန်ထုတ်ပြခန်းများ၊ ဌာနဆိုင်ရာပြခန်းများကိုလည်း ထည့်သွင်းပြသသွားမည် ဖြစ်ပါကြောင်း၊ အားကစားပြိုင်ပွဲများ ကိုလည်း ကြိုတင်ပြုလုပ်လျှက်ရှိပြီး လွတ်လပ်ရေးနေ့တွင် ဗိုလ်လုပွဲနှင့် ပျော်ပွဲရွှင်ပွဲများ ကိုလည်း ပြုလုပ်သွားမှာဖြစ်ပါကြောင်း၊ ခရိုင်အလိုက်ပြခန်းများနှင့် ဌာနဆိုင်ရာပြခန်းများအနေဖြင့်လည်း တစ်ကြိမ်နှင့် တစ်ကြိမ် ပိုမိုတိုးတက်မှုရှိရန် လိုအပ်ပြီး ပြည်သူလူထုအား ပိုမိုအသိပညာများပေးရန် လိုအပ်မည်ဖြစ်ပါကြောင်းနှင့် အားလုံးက စုစုစည်းစည်း ပူးပေါင်းဆောင်ရွက်မှု ကောင်းကောင်းဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်း၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး အတွက် အစည်းအဝေးသို့ တက်ရောက်လာသည့် ကော်မတီများကလည်း ဝိုင်းဝန်းဆွေးနွေး ပေးကြစေလိုကြောင်း” အမှာစကား ပြောကြား သည်။

ဆက်လက်၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူးများက ကော်မတီများအလိုက် ဆောင်ရွက်သွားမည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေး တင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ခဲ့ပြီး  (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကော်မတီများအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)