လဲချား ဇန်နဝါရီ ၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့တွင် (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝမ်ထီကျေးရွာ ဘက်သုံးခန်းမသစ်ဖွင့်ပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဉီးစွာ ခန်းမအသစ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးဖြိုးမြင့်ဝေနှင့် ကျေးလက်ဒေသဖွံ့ဖြိုတိုးတက်ရေးဉီးစီးဌာန မြို့နယ်ဉီးစီးမှူး ဉီးထွန်းထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးဖြိုးမြင့်ဝေက အမှာစကားပြောကြားခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန မြို့နယ်ဉီးစီးမှူးမှ ခန်းမသစ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျေးရွာရပ်မိရမ်ဖတစ်ဉီးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။
အဆိုပါ ကျေးရွာသုံးဘက်စုံသုံးခန်းမသစ်ကို (VDP) ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းရန်ပုံငွေ (၁၅) သန်းဖြင့် အရှည် (၅၄) ပေ၊ အကျယ် (၂၀) ပေ၊ အမြင့် (၁၀) ဖြစ်ကြောင်း သိရှိရသည်။
လဲချား (မြို့နယ် ပြန်/ဆက်)