သတင်းများ

ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အားကစားကွင်းတွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများ ကျင်းပ
Jan 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အားကစားကွင်းတွင် ယမန်နေ့မွန်းလွဲ ၃ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
ငရုတ်ကောင်းမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများပြုလုပ်
Jan 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင် ပြသခြင်း၊ စာအုပ်စာ‌စောင် ပြသခြင်းတို့ကို ယမန်နေ့ ညနေ ၂ နာရီက ငရုတ်ကောင်းမြို့ (အထက)ရှိ ရွှေရတုခမ်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် ကျပန်းစကားပြော ပြိုင်ပွဲ ကျင်းပပြုလုပ်
Jan 03,2024
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အခြေခံပညာအလယ်တန်းအဆင့် ကျပန်းစကားပြော ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြု လုပ်သည်။
လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်
Jan 03,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် (၇၆)  နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်)တွင် ဆောင်ရွက်ခဲ့သည်။
စစ်ကိုင်းမြို့တွင် (၇၆)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကျင်းပ
Jan 03,2024
စစ်ကိုင်းမြို့တွင် (၇၆)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဖလား အသက်(၂၅)နှစ်အောက် (၃)မြို့နယ်၊ အမျိုးသား (အကြီးတန်း) ဘော့လုံးပြိုင်ပွဲ ကို ယမန်နေ့က ပိုးတန်းမြို့မ အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကသာမြို့တွင် ဒေသခံပြည်သူများအား ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် စားအုန်းဆီများ ရောင်းချပေး
Jan 03,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကသာမြို့တွင် ဒေသခံပြည်သူများအား စားအုန်းဆီကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့နံနက်(၈) နာရီခွဲအချိန်က မြို့တော်ခန်းမ၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကလေးပြိုင်ပွဲနှင့် စံပြမိခင်ပြိုင်ပွဲ ကျင်းပ
Jan 03,2024
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ညောင်ဦးမြို့နယ်၌ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့တို့မှ ပူးပေါင်း၍ ကလေးပြိုင်ပွဲနှင့် စံပြမိခင်ပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က မိခင်နှင့်ကလေးစောင့်ရှောက်ရေးရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကလေးပြိုင်ပွဲသို့ ညောင်ဦးမြို့နယ်အတွင်းရှိ မွေးစမှ (၆)လအတွင်းရှိ ကလေးများ၊ (၆)လမှ (၁)နှစ်အတွင်းရှိ ကလေးများ၊ (၁)နှစ်မှ (၁နှစ်၆လ) အတွင်းရှိ ကလေးများ၊ (၁နှစ်၆လ)မှ (၂)နှစ်အတွင်းရှိ ကလေးများ ပါဝင်ယှဉ်ပြိုင်ရာ ညောင်ဦးမြို့ ကျန်းမာရေးဝန်ထမ်းများက ကလေးများ ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်အလေးချိန် တိုင်းတာခြင်း၊ အရပ်တိုင်းတာခြင်းများနှင့် လိုအပ်သည်များကို ဆောင်ရွက်ကြသည်။
ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဝိုင်းမော်မြို့ မြို့အင်္ဂါရပ်နှင့်အညီ စိမ်းလန်းစိုပြေ၍ သန့်ရှင်းသာယာလှပရေး မြို့ဝင်ဆိုင်းဘုတ်၊ ပန်းခြံများ ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေး
Jan 03,2024
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ စိမ်းလန်းစိုပြေ၍ သန့်ရှင်းသာယာလှပသော မြို့ပြစနစ်တစ်ခု ပီပြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် တာဝန်ရှိသူများနှင့် ယမန်နေ့ နံနက် ၁၁ နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။