ခန္တီး ဇန်နဝါရီ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အနေဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ Community Centre ခန်းမတွင် ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စိတ်ကြိုက်ကဗျာရွတ်ပြိုင်ပွဲများကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ခရိုင်ဉီးစီးမှူးဒေါ်နန်းအေးခိုင်က ပြိုင်ပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်နှင့် အမှာစကားပြောကြားခဲ့ပြီး ပြိုင်ပွဲအား ဆက်လက်ကျင်းပရာ မူလတန်းအဆင့်ကျောင်းသား/သူလေးများက စာဖတ်စွမ်းရည်ပြိုင်ပွဲတွင်(၁၆)ဉီး၊ စိတ်ကြိုက် ကဗျာရွတ်ပြိုင်ပွဲတွင် (၁၆)ဉီး စုစုပေါင်း (၃၂)ဉီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ခရိုင်ဉီးစီးမှူးဒေါ်နန်းအေးခိုင်က လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် လွတ်လပ်ရေးနှင့်ပတ်သက်သည့် သိကောင်းစရာ ဗဟုသုတများအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/ သူလေးများအား သက်ဆိုင်ရာ ဆရာ/မများက ပထမ၊ ဒုတိယ၊ တတိယ ဆုများအသီးသီးချီးမြှင့် ခဲ့ကြရာ ဉီးထွန်းသိန်း၊ ပညာရေး(ငြိမ်း)က ကျောင်းသား/သူလေးများအတွက် အဆိုပါ ပြိုင်ပွဲများ ပြုလုပ်ကျင်းပပေးသည့်အတွက် ကျေးဇူးအထူးတင်ရှိကြောင်း ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)