သာပေါင်း ဇန်နဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် (၇၆)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကို ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဘုရားကုန်း ကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (ဘုရားကုန်း)ရှိ စွယ်တော်ဆောင်ခန်းမ၌ ကျင်းပခဲ့ သည်။
(၇၆)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ အခမ်းအနားတွင် အခြေခံပညာ အထက်တန်းကျောင်း(ဘုရားကုန်း) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးဝင်မှ အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းက လွတ်လပ်ရေးနေ့ အကြောင်းခေါင်းစဥ်ဖြင့် ဟောပြောခဲ့ရာ “မြန်မာနိုင်ငံသည်လွတ်လပ်ရေးရခဲ့သည်မှာ ယခုဆိုလျှင် နှစ်ပေါင်း (၇၆)နှစ်ရှိပြီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် နှစ်ပေါင်း(၁၂၀)ကြာအောင် သူ့ကျွန်ဘဝကို ကျရောက်ခဲ့ပြီး (၃)ကြိမ်တိုင်တိုင် ကျူးကျော်ခံ ခဲ့ရပါကြောင်း၊ မြန်မာတို့သည် သူ့ကျွန်ဘဝမှာမနေလို၍ လက်နက်စွဲကိုင် တိုက်ခိုက်ခဲ့ကြသော်လည်း လူအင်အား၊ လက်နက်အင်အားမမျှတ၍ ဆုတ်ခွာခဲ့ရပါကြောင်း၊ မြန်မာတို့သည် မလျော့သောဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် အသက်၊ သွေး၊ ချွေးတို့ကို ပဓာနမထားဘဲတိုက်ပွဲဝင်ပြီး ရယူပေးခဲ့သည့် လွတ်လပ်ရေးကို မြတ်နိုးတန်ဖိုးထားဖို့လိုပါကြောင်း၊ နောက်ထပ်သူ့ကျွန်ဘဝပြန်လည်မရောက်ရှိဖို့ ဝိုင်းဝန်း ကြိုးပမ်းဖို့လိုပါ ကြောင်း၊ လွတ်လပ်ရေးကို ချစ်မြတ်နိုးလျှင်လွတ်လပ်ရေးနှင့် တန်သောဇွဲ၊ လုံ့လ၊ ဝိရိယတို့ ထားရှိရမှာဖြစ်ပါကြောင်း၊ လွတ်လပ်ရေး အဓွန့်ရှည်တည်တံ့အောင် ဆက်လက်ကြိုးစားသွားကြရန်လိုပါကြောင်း လွတ်လပ်ရေးနေ့နှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းဟောပြော ကြားပြီး (၇၆)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော လွတ်လပ်ရေး နေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်မှတ်တမ်းဓာတ်ပုံများ၊ စာစောင်များကို ကျောင်းသား၊ ကျောင်းသူ များက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်