ပေါင် ဇန်နဝါရီ ၃
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၃ခုနှစ်၊ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းကျေးရွာများ၏ ဝင်ငွေတိုးပွားရေးကဏ္ဍ အရင်းနှင့်အတိုးကောက်ခံရရှိသော ရန်ပုံငွေများအား ပြန်လည်အပ်နှံခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ (၁) နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှဒုတိယပြည်နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက စွမ်းဆောင်ရည်မြှင့်တင်ရေးငွေများအား ကျေးရွာသူကျေးရွာသားများ၏ စိုက်ပျိုးမွေးမြူရေး ၊ကျန်းမာရေးနှင့်အခြားအသက်မွေးဝမ်းကြောင်း သင်တန်းများပို့ချပေးခြင်း၊ လူနေမှုပတ်ဝန်းကျင်ကဏ္ဍအနေဖြင့် ရရှိသည့်ရန်ပုံငွေများအားကျေးရွာများ၏ ရေကန်၊ လမ်းတံတားများဆောက်လုပ်ပေးခြင်း၊ ဝင်ငွေတိုးကဏ္ဍရန်ပုံငွေများအား ကျေးရွာနေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အခြားအသက်မွေးဝမ်းကြောင်းလုပ်ငန်းများအား ထုတ်ချေးပေးခြင်း လုပ်ငန်းများလုပ်ဆောင်လျက်ရှိကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်သင်းသင်းဆင့်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်စွာလှိုင်တို့က ဝင်ငွေတိုးပွားရေးကဏ္ဍ အရင်းနှင့်အတိုးကောက်ခံရရှိသောရန်ပုံငွေများအား အကျိုးရှိစွာအသုံးပြုကြလို့ လုပ်ငန်းထိရောက်မှုရှိကြောင်း ပြောကြားသည်။
ပေါင်မြို့နယ်အတွင်းရှိ ကျေးရွာ (၅) ရွာဖြစ်သည့် ဥက္ကံကျေးရွာ (၇၀၀၁၇၂၀၁ိ/-)၊ ဒေးကင်းကျေးရွာ (၉၄၉၄၅၂၈၀ိ/-)၊ ကော့ထော်ကျေးရွာ(၇၃၄၈၄၈၂၂ိ/-)၊ အဟောက်ကျေးရွာ (၇၆၃၇၁၅၇၅ိ/-)၊ ကဒိုင်ကျေးရွာ(၆၄၃၈၉၂၅၉ိ/-) စုစုပေါင်း (၃၇၉၂၀၈၁၃၇ိ/-) တို့ကိုအရင်းနှင့် အတိုးပြန်လည်ကောက်ခံထားရှိကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)