၂၀၂၄-ခုနှစ်၊ (၇၆)နှစ်‌မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မုံရွာခရိုင် အခြေခံပညာကျောင်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

မုံရွာ ဇန်နဝါရီ ၃

၂၀၂၄-ခုနှစ်၊ (၇၆)နှစ်‌မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မုံရွာခရိုင် အခြေခံပညာကျောင်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၃ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းတွင် ကျင်းပရာ အခမ်းအနားသို့ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်တင်မိုး နှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်တင်မိုး နှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ပြေးခုန်ပစ်အားကစားများ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ ခရိုင်အဆင့် အခြေခံပညာကျောင်းပေါင်းစုံပြေးခုန်ပစ်ပြိုင်ပွဲတွင် အသက်(၇)(၉)(၁၁)(၁၃)(၁၅)နှစ်‌အောက် ကျား/မ မီတာ (၅၀)(၁၀၀)(၂၀၀)(၄၀၀)(၈၀၀)အပြေးပြိုင်ပွဲ၊ ကျား/မအလျားခုန်၊ အမြင့်ခုန်ပြိုင်ပွဲနှင့် ကျား/မသံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ်ပြိုင်ပွဲတို့တွင် ပြိုင်ပွဲများအလိုက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်များကို ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးမျိုးမြင့်ဦးက မူလတန်းအဆင့်ပြိုင်ပွဲတွင် တံခွန်စိုက်တတိယဆုရရှိသော .ထ.က(၇)အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကိုလည်းကောင်း၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးကြွယ်ကြောင်းလိုက မူလတန်းအဆင့်ပြိုင်ပွဲတွင် တံခွန်စိုက်ဒုတိယဆုရရှိသော .ထ.က(၅)အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို လည်းကောင်း၊ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်ဇော်လွင်က မူလတန်းအဆင့်ပြိုင်ပွဲတွင် တံခွန်စိုက်ပထမဆုရရှိသော အမှတ်(၁၅၉)အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကိုလည်းကောင်း၊  မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးကျော်မိုးက အလယ်တန်းအဆင့်ပြိုင်ပွဲတွင် တံခွန်စိုက်တတိယဆုရရှိသော .လ.က(ခွဲ)မြို့သစ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကိုလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးထွန်းထွန်းဝင်းက အလယ်တန်းအဆင့်ပြိုင်ပွဲတွင် တံခွန်စိုက်ဒုတိယဆုရရှိသော .ထ.က(၂)အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကိုလည်းကောင်း၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်တင်မိုးက အလယ်တန်းအဆင့်ပြိုင်ပွဲတွင် တံခွန်စိုက်ပထမဆုရရှိသော .ထ.က(၇)အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို  ပေးအပ်ချီးမြှင့်ကြပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)