ဝေါမြို့နယ်၌ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး အခမ်းအနားကျင်းပ

ဝေါ ဇန်နဝါရီ ၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်မီးသတ်ဦးစီးဌာနက ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးအတွက် အသိပညာပေးအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအ်ချိန်က အခြေခံပညာအထက်တန်းကျောင်း (ဝေါ) ရှိ သီရိဇေယျာခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဝေါမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်စိုးက  အဖွင့်အမှာစကာပြောကြားပြီး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းထွန်းက ကျောင်းသား၊ ကျောင်းသူများအား သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်‌ရေး အသိပညာပေးသရုပ်ပြပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပေးခဲ့သည်။

ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိနှင့် တပ်ဖွဲ့ဝင်များက ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး  ဂိမ်းကစာခြင်း၊ အရေးပေါ်ကယ်ဆယ်ခြင်း၊ မီးငြိမ်းသက်သရုပ်ပြသခြင်းတို့ကို လက်တွေ့ပြသခြင်း၊ လေ့ကျင့်သင်ပြခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)